Professional Authors

ခင်ဗျားတို့ရဲ့ အပြင်ဘက်အကျဆုံးတစ်နေရာက…လူရဲ့လူသားဆန်မှုတွေ-ရွှေကြယ်မိုး

ဒီမှာ ဟင်းလင်းပြင်တရားတွေ များတယ်
ငြင်းချက်တွေဆွေးမြေ့ခဲ့ပြီမဟုတ်လား…သစ္စာဟာ ချောက်ထဲမှာ ပြားဝပ်ပုန်းခိုတုန်း
လိုလိုလားလားတောင့်တမက်မောမိခဲ့သူမှာ ခုတော့ နွမ်းလျပြာဝေလို့
ဖြူရိပ်ဖြူဟန်သဏ္ဍန်နဲ့ အပြုံးပါးဟာလည်း ဆူးချက်တွေ စူးခဲ့ပြီတဲ့လေ

ဟိုအရင် သက်တံ့တွေရေသောက်ဆင်းကတည်းက စိတ်တွေတည်ငြိမ်အောင်
ထိန်းလို့သိမ်းလို့မရတော့တာ…ဟန်ချက်ညီတဲ့အရာဆိုလို့ ခြေလှမ်းတွေပဲကျန်ခဲ့
သတိ…အပြင်လူမ၀င်ရ ဆိုတဲ့ဆိုင်းဘုတ်ဟာ ငါ့တစ်ယောက်တည်းကိုပဲ ရည်ညွှန်းသတဲ့
မီးစက်လက်တွေ စီးဆင်းနေတဲ့ သွေးပြန်ကျောထဲ ဘယ်ပုံရိပ်တွေ ထိုးသွင်းပစ်လိုက်ရမလဲ
ဒီခန္ဓာတစ်ခုလုံး လောင်ကျွမ်းဖို့ သစ္စာတွေက အကောင်းဆုံး လောင်စာဖြစ်ခဲ့တယ်

ယဉ်ကျေးပါတယ်ဆိုတဲ့ လူတွေဟာ
စားစရာမရှိတော့တဲ့ တစ်နေ့ ကိုယ့်အချင်းချင်းကိုယ်ပြန်သတ်စားကြမှာပဲ
                        ဂျိုကာ
            လင်းနို့လူသားရုပ်ရှင်မှ လူသားဝါဒ စမ်းသပ်ရေးသမား

လူတစ်ယောက်ရဲ့ ဘ၀ဟာ ပြဌာန်းခံ\အထီးကျန်\ တစ်ကိုယ်တော်တရား ဖြစ်တယ်
ကိုယ့်လမ်းကို ကိုယ်သာရွေးချယ်ရမယ် ဆိုတဲ့ဆုံးမစကားတစ်ခွန်း…ဟုတ်ပါတယ်
ငါ့ဘ၀ရဲ့ ပြဌာန်းခံဟာ ငါသာဖြစ်ပြီး ငါရွေးချယ်တဲ့လမ်းမှာ ဘယ်ဘာသာရေးမှ မရှိစေရ…
Fucking ဘာသာရေး…Fucking ကိုးကွယ်ယုံကြည်မှု …အဲ့တာ ငါပဲ…ငါ့ ပြဌာန်းချက်ပဲ
(ငါသည် Exit တစ်ယောက်သာဖြစ်ပြီး ကွန်မြူနစ်ဟု သင်မမြင်ရန် အရေးကြီးလှပါကြောင်း)

ဘယ်သူမဆို နာကျင်ခဲ့ကြ\ငိုကြွေးခဲ့ကြ\မှောင်ခဲ့ကြ\ကိုယ်ချင်းစာခဲ့ကြမယ်
အမှန်တရားလို့ခေါင်းစဉ်တပ်ပြီး လူလူချင်းသစ္စာတွေချပြနေတာ အခက်ဆုံးပြဿနာပဲ

ဒါတွေအတွက် ငရဲခံရမယ်ဆိုလည်း ပိုတောင်ကြိုက်သေးတယ်
လုံးဝပျောက်ကွယ်သွားမှာ ထက်စာရင် ငရဲမှာရှိတာ ပိုကောင်းတာပေါ့
                            မားဆိုး
                    စည်းအပြင်ကလူမှ ဇာတ်ကောင်
                   
ကြည့်လိုက်ကြစမ်း…ခင်ဗျားတို့ရဲ့ အပြင်ဘက်အကျဆုံးလူဟာ အလွန်တရာမှကို လူသားဆန်လို့ပေါ့
                                ရွှေ ကြယ် မိုး

In: ကဗျာ Posted By: Date: Nov 13, 2012
Comment #1

u may be film host!

commentinfo By: maypyo22889 at Nov 13, 2012
Comment #2

ကိုရွှေကြယ်မိုးရေ….အားပေးသွားတယ်ဆိုတာထက်
ဝေမျှခံစားသွားပါကြောင်း။။။။။

commentinfo By: mr.black at Nov 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment