Professional Authors

တစ်ယောက်တည်းရှိနေသော လူရဲ့တစ်ယောက်တည်းပြောနေသော စကား-ရွှေကြယ်မိုး

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;}

ငါရှင်သန်နေရတာဟာ

ဝဋ်ကြွေးဆပ်ဖို့လို့ ပညတ်ပြီးသားလား

တစ်ယောက်တည်းနဲ့ အခါခါတိတ်ဆိတ်

ကြာတော့စိတ်တွေလည်း တခြမ်းပဲ့ကုန်ပြီ

 

စားပွဲပေါ်က ဘောက်(စ်)လေးထဲက

မင်းကြောင့်လားဆိုတဲ့သီချင်းက

အခါတစ်ရာမကတော့ဘူး။    

ခြစ်ခြစ်တောက်ပူနေတဲ့ ကော်ကုလားထိုင်ပေါ်မှာ

ပွက်ပွက်ဆူနေတဲ့ ကန္တာရမျက်လုံးတွေနဲ့

အရှေ့က မီးကျွမ်းမတတ်ကွန်ပြူတာကို စိုက်ကြည့်

ဒါဟာ ငါ့ရဲ့တစ်နေ့တာပေါင်းများစွာ

 

ပန်ကာအိုဟာ ငါ့ဆီကို လေပူတွေသယ်လာတယ်

တိတ်ဆိတ်ပူပြင်းနေသော နေ့လည်အောက်မှာ

နွေဟာ ငါနှင့်တကွ ငါ့စိတ်ကိုပါ သုတ်သင်တယ်

ဝါးမြိုတယ်

ဖျက်ဆီးတယ်

နှိမ့်ချတယ်

 

စိတ်ရဲ့ ရေသောက်မြစ်တွေက ခမ်းခြောက်

စကားပြောဖို့ရယ်ဖို့မောဖို့ငါ့မှာပျောက်ရှ

သူတစိမ်းတွေဆီက ရှောင်ပြေးလာတဲ့လူ

နေသားမကျခြင်းများစွာနဲ့လူ

ရင်ကွဲပက်လက်နဲ့လူ

 

တာရာမင်းဝေဟာ သနပ်ခါးပွင့်ကလေးကို လွမ်းခဲ့တယ်

ကိုသျှားဟာ မာရီယာကို လွမ်းခဲ့တယ်

အောင်ရင်ငြိမ်းဟာ ဇာခြည်သန့်ကို လွမ်းခဲ့တယ်

ငါလည်း

လွမ်းခဲ့ပါရဲ့လွမ်းခဲ့ပါရဲ့ကွယ်

 

 

မျက်စိတဆုံး ၀ါးတဆုံးဟာယုံစားစရာ မကောင်းတော့ဘူးတဲ့

မီးလောင်ပြင်ကျယ်ကြီးကိုဖြတ်ပြီး ဖွင့်အံချပစ်လိုက်မယ်

စိတ်ချလက်ချသာပွင့်လန်းကြပေရော့ကွယ်

 

နွေရူးထဲမှာ လှိမ့်ကာ လှိမ့်ကာ လူး

ဖြူစိမ်းလေးတွေက လူးကာ လူးကာ လှိမ့်

လှိုင်းလုံးလေးတွေစီးပြီး မျောကာ မျောကာ ပြန်

တစ်ခုတော့ရှိတယ်

တစ်ခုတော့ သိတယ်

ကမ္ဘာမကြေ

 

ခုတော့ နှစ်ယောက်စလုံးက တစ်ယောက်စီပါပဲ

ကတ္တီပါဖိနပ်ပြာတစ်ရံ၊ မန္တလေးဖိနပ်တစ်ရံ

ကန်ဘောင်လေ ယိမ်းနွဲ့နွဲ့လေးကိုယ်စီနဲ့

နင်းလျှောက်ခဲ့တဲ့ မြေညီလမ်းဟာ အထီးကျန်

ဖဲသားထမီပြာထိုင်ခဲ့တဲ့ အိမ်တံခါးဝလေးဟာ အထီးကျန်

 

ဘယ်သူလဲ

ငါမရှိတုန်း ငါ့ဂစ်တာကိုငှားသွားတာ

ဘယ်သူလဲ

ဆေးလိပ်တွေ လျှော့သောက်လို့ပြောတာ

 

ကွမ်းတံတွေးတွေ ပွက်ခနဲ ပွက်ခနဲနဲ့

လမ်းမကို အနီဆိုးပစ်တုန်းကကြတော့ ကောင်းတယ်

ငါကဗျာရေးတာတော့ မလိုလားဘူးပေါ့လေ

ကဲကဲ

ကဗျာရေးတဲ့ ရွှေကြယ်မိုးကို ကျောင်းတစ်နှစ်ထုတ်

လက်သီးလက်မောင်းတန်းလို့ နောက်ထပ်တစ်နှစ်ထပ်ထုတ်

                                                              ရွှေကြယ်မိုး

 

 

In: ကဗျာ Posted By: Date: May 25, 2012
Comment #1

ခေါင်းစဉ်က စပြီး အာရုံကို သိမ်းကျုံးဆွဲဆောင်သွားခဲ့တော့တာပဲ
ဖတ်နေရင်း ရင်မောတယ်၊အသက်ရှုကျပ်တယ်။
ဒီကဗျာဟာ အကို အကြိုက်ဆုံးကဗျာတွေထဲမှာ တစ်ပုဒ်အပါအ၀င်ဖြစ်သွားပါပြီ
တစ်ယောက်တည်းရှိနေသော လူရဲ့တစ်ယောက်တည်းပြောနေသော စကား
ရင်နဲ့ဆတ်ဆတ် ကြားခဲ့ရပါတယ်

ချစ်ခင်လျှက် . . .
ကိုသျှား

commentinfo By: ကိုသျှား at May 25, 2012
Comment #2

phat shu arr pay par ei,

commentinfo By: ei lay at May 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment