Professional Authors

“ ဦးညွတ်ခြင်း ”

ဒီအတိုင်၊ ဒီအရွက်

ငါတို့ရဲ့   တက် မှမဟုတ်ပဲ…

 

ပုံဂံ၊ အင်းဝ၊ ကုန်းဘောင်…

ခေတ်အဆက်ဆက်မှာတောင်

ကြောင်ကြောင်ကျားကျား

ဒီအရောင်များ မရှိခဲ့တာလည်း

အသေအချာပါပဲ… ။

 

နာစရာတွေတွေးတာမဟုတ်ပါဘူး

ခပ်လေးလေး ပြောချင်တာက

ဦးညွတ်ရတာချင်း အတူတူ

လူလူသူသူတော့ ဖြစ်ချင်တယ် ။

 

မော့ မရရင်

အစက ပြန်ကျော့တာပေါ့

ကျက်သရေတော့ ရှိမှာပဲလေ ။

 

ပြန်လာပါ…

တစ်ဆိတ်ဗျာ…

ကျေးဇူးပြုပြီး… ပြန်ခေါ်ပေးပါ ။

 

ခပ်ရေးရေးအတွေးနဲ့

ကလေးလေး တစ်ယောက်ရဲ့

စိတ်ကူးထဲမှာလည်း

 

ဒီအတိုင်၊ ဒီအရွက်

ငါတို့ရဲ့  တက် မှမဟုတ်ပဲ… ။

….. …… ….. ။

In: ကဗျာ Posted By: Date: Oct 5, 2011
Comment #1

အရမ်းကောင်းပါလား..ဖိုးကြယ်

commentinfo By: PC at Oct 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment