အပြာရောင်မဟုတ်ခဲ့သော
ဝင်္ကန္တတွေရဲ့ကြား လှည့်ပတ်သွားလာနေခဲ့
မောပန်းနွမ်းလျ သက်မချတဲ့အခါ
ချစ်သူရဲ့ဘ၀ဟာ ငါ့အတွက်မဟုတ်ခဲ့ဘူးတဲ့။
ဘာကြောင့်ပါလဲ…
တို့အတိတ်တွေ တူးဖော်ဖို့
ပစ္စုပ္ပန်ကို အဖျားချွန်ခဲ့တာ
မရေရာအနာဂတ်ကို အသေအချာ
ရိုက်ချိုးခဲ့တာ….များပြီ…
ဒီလိုပါပဲ….ပြီတီတီပျက်တက်တက်နဲ့
နင့်အပြုံးတစ်ချက်လက်ခဲ့တိုင်း
ထွက်လာတဲ့အစွယ်နှစ်ဖက်ကို
ငါ…သွားတက်လို့. ထင်ခဲ့တာ
များပြီ…ပြီးတော့…မှားပြီ….
ငါ့အိပ်မက်ကို ပြန်ဖမ်းချုပ်ဖို့
နင်…အရုပ်တစ်ရုပ်ဖြစ်ပါစေ
ငါ့မာနလက်တစ်ဆုပ်ကို
ပျိုးကြဲထွန်ယက်ဖို့
နင်လယ်တစ်ကွက်ဖြစ်ပါစေ….
အဲဒီလို ဆုတောင်းအမျိုးမျိုးနဲ့
အဆိုးအကောင်းမသိပဲ ချစ်နေမိဆဲ
လူတစ်ယောက်ဟာ………….
ကသုတ်ကရက်ရဲ့ ရာဇ၀င်အောက်မှာ
စုတ်ပြတ်သတ်ကာ ကျဆုံးနေလေသတဲ့။။။
Comment #2
အဲဒီလို ဆုတောင်းအမျိုးမျိုးနဲ့
အဆိုးအကောင်းမသိပဲ ချစ်နေမိဆဲ
လူတစ်ယောက်ဟာ………….
ကသုတ်ကရက်ရဲ့ ရာဇ၀င်အောက်မှာ
စုတ်ပြတ်သတ်ကာ ကျဆုံးနေလေသတဲ့။။။
(တကယ်ကိုတော်ပါတယ်.)
By: May Kha at Nov 12, 2012
Comment #3
ကျေးဇူးအများကြီးတင်ပါတယ်။
မေပျိုနဲ့အစ်မမေခ။
By: mr.black at Nov 16, 2012




Comment #1
ချစ်သူရဲ့ဘဝ ကိုယ့်အတွက်ဖြစ်လာပါစေရှင် အားပေးသွားပါတယ်