Professional Authors

တစ်ခါက………………သူ

 

နာရီလက်တံတွေတစ်ချက်တစ်ချက်

ငါ့မျက်တောင်တွေလည်းတစ်ဖျပ်ဖျပ်ခပ်ရင်း

အင်း……………

ဒီညတော့ဒီလိုပဲပြီးတော့မယ်ထင်ပါရဲ့

 

အတွေးထဲကသူ့မျက်နှာ

မျက်လွှာထဲကသူ့ပုံရိပ်

နှလုံးသားထဲကသူ့အသံတွေ

မှတ်ဥာဏ်ထဲကသူ့စကားတွေ

ငါမခံစားနိုင်တော့လို့

ဖျောက်ဖျက်ပစ်ဖို့ကြိုးစားခဲ့ပေမယ့်

………………………………..

………………………………..

 

သူမတူအောင်ချစ်ခဲ့တာပဲ

ကစားကွက်ပြောင်းတယ့်ကံကြမ္မာကြောင့်

တို့နှစ်ယောက်ဝေးတာ

တကယ်တော့မဆန်းပါဘူး။

 

ငါ့ဘ၀ရဲ့အိပ်မက်

ငါ့ဘ၀ရဲ့ရည်မှန်းချက်ကြောင့်

နင်နဲ့ငါ့ရဲ့ဇာတ်လမ်း

လမ်းဆုံမှာမီးပွိုင့်မိနေတာလား

နင့်မိဘရဲ့အယူအဆနဲ့

ငါ့မိဘရဲ့အတွေးအခေါ်သာ

ထပ်တူကျခဲ့ရင်လေ

အခုဆိုနင်နဲ့ငါ……..

 

အနေဝေးလို့သွေးအေးတယ်ဆိုတာဒါလား။။

အသစ်တွေ့လို့အဟောင်းမေ့တယ်ဆိုတာဒါလား။

ဒါမှမဟုတ်

ငါ အသစ်တွေ့နေတယ်ထင်လား

ငါ့ကိုအဆက်အသွယ်ဖြတ်လိုက်တယ့်နင့်အကြောင်းတွေ

ငါ့နားထဲရောက်လာတယ့်နင့်သတင်းတွေ

ရင်ထဲကတဆစ်ဆစ်နာနေတာ

ချစ်ခဲ့တာမှန်ရင်နင်ကိုယ်ချင်းစာပေါ့

 

ငါနင့်ကိုလွတ်လပ်ခွင့်ပေးလိုက်ပြီ

နင်တကယ်ချစ်တယ့်သူနဲ့ပဲ

ပျော်ပျော်ကြီးနေတော့ပေါ့ဟာ

ငါကြိုးစလွှတ်လိုက်ပြီ

ငါ့ကိုနှုတ်ဆက်

ငါ့နှလုံးသားထဲကနင်ထွက်သွားပါတော့နော်

ငါချစ်ခဲ့တာနင်ဖြစ်ခဲ့ပေမယ့်

နင်ချစ်ခဲ့တာကငါမှမဟုတ်ပဲ…….

 

နောက်ဆုံး………….

ငါအတွက်အကျိုးအမြတ်က

အက်စစ်တ၀က်ရောနေတယ့်

မျက်ရည်ကန်ဟောင်းတစ်ခုပဲဖြစ်နေရင်တောင်

နင်ကျေနပ်ခဲ့တယ်ဆိုရင်

ငါလည်းနင်နဲ့ထပ်တူပဲပေါ့….ချစ်သူ။

 

 

In: ကဗျာ Posted By: Date: Mar 25, 2011
Comment #1

နောက်ဆုံး………….

ငါအတွက်အကျိုးအမြတ်က

အက်စစ်တ၀က်ရောနေတယ့်

မျက်ရည်ကန်ဟောင်းတစ်ခုပဲဖြစ်နေရင်တောင်

commentinfo By: ရွှေငါး at Mar 25, 2011
Comment #2

သူမတူအောင်ချစ်ခဲ့တာပဲ

ကစားကွက်ပြောင်းတယ့်ကံကြမ္မာကြောင့်

တို့နှစ်ယောက်ဝေးတာ

တကယ်တော့မဆန်းပါဘူး။…………..
……………………………………………………………………
အဲ့စာသားလေးကြိုက်တယ်ဗျာ…………………..

commentinfo By: tartie.4star at Mar 25, 2011
Comment #3

comment အားလုံးအတွက်ကျေးဇူးပါ

Comment #4

အားပေးနေတယ်…..။
ဆက်ရေး ပါ ဦး

commentinfo By: အောင်ရဲသူ at Jul 7, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment