Professional Authors

အတွေးတိမ်

မနေ့ကအထိတော့ ကမ္ဘာကြီးဟာ နေလို့ထိုင်လို့ကောင်းဆဲ

လူမှန်နေရာမှန်ယဉ်ကျေးမှုတွေနဲ့ ငါကတော့ ဟန်မပျက် ကော်ဖီထိုင်သောက်နေခဲ့တယ်။

ဘုရားသခင်က ဘာကိုဖန်းတီးပေးခဲ့ပါသလဲ………

ငါလည်းမသိ မင်းလည်းမသိ အခြေအနေတစ်ခုအထိတော့ မင်းနဲ့ငါ အပြစ်ကင်းကြမယ်။

လွတ်ကျသွားတဲ့ ဖန်ခွက်လေးထဲ နှလုံးသားရဲ့ ဥပဒါန်တွေပါဝင်ရောစွက်

အဲဒီအကြောင်းရှင်းပြဖို့ နည်းနည်းတော့ ခက်တယ်။

ကျိုးကြောင်းတိုက်ဆိုင်မှုက ကျိုးကြောင်းဆီလျှော်အောင် ဘာသာပြန်ဖို့ခက်တယ်။

အဲဒီမှာ ဆေးလိပ်တိုလေးမီးဖွာ ရာဘင်ဒါက ကဗျာထိုင်ရေးတယ်။

ဘေးမှာရှိသလို ထင်ရတဲ့ချစ်သူက ဓါတ်ပုံထဲကို ပြေးဝင်လို့ ပြုံးပြနူတ်ဆက် ထွက်ခွာသွားတော့မယ်တဲ့။

လွတ်တဲ့ငါးကြီးသလို ဝေးသွားတော့မှ သူတော်တော်လေးလှလာတယ်။

ဂစ်တာကြိုးအသစ်ဝယ်မလဲနိုင်တာ တော်တော်ကြာပီဆိုတဲ့အကြောင်း ငါ့ခေါင်းထဲရောက်လာတယ်။

ညနေစာအတွက်ပူပန်ရလွန်းလို့……….မနက်စာမစားနိုင်တဲ့နေ့တွေလည်း ထပ်ထပ်လာတယ်။

ငွေမျောခေတ်ကြီးထဲ ငွေနောက်လိုက်ရင် လူမျောကြီးဖြစ်လို့

ဘယ်သူမှအထင်မကြီးချင်နေပါစေ……………………………………….

ပိုက်ဆံမရှိတာလေးတစ်ခုနဲ့ ဘာကြောင့် အထင်အမြင်သေးကြတာလဲ။

လောကကြီးမှာ ကျွန်တော်နားမလည်နိုင်သော ပုစ္ဆာတွေများလွန်းလှတယ်အမေ……………။

 

အတွေးတိမ်တွေထူထူလာသမျှ ကျွန်တော်နေရာင်ခြည်အလင်းနဲ့
သူငယ်ချင်းဖြစ်ခွင့်တွေ ဆုံးရှုံးနေခဲ့တယ်အမေ။
တပ်ထားတဲ့မျက်မှန်ထူထူလာတယ်
ရထားတဲ့ငွေလေးတွေ ပါးပါးလာတယ်။
တန်ပြန်သက်ရောက်မှုလားလေပေါ့
ပခုံးသားပေါ်က အတ္တတွေလည်း အဆီတထပ် အသားတထပ်
နေသားကျလွန်းတာလောက် မျက်စိနောက်စရာကောင်းတာ လောကကြီးမှာ မရှိဘူး
စိတ်တိုင်းမကျတာတွေများတော့………….စိတ်တိုင်းကျချင်တဲ့စိတ်ကိုပါ စိတ်တိုင်းမကျတော့ဘူး
ကဲ……..ထားတော့

ဒီတသက် ကိုလေးဖြူ အင်္ကျီအပွ ဘောင်းဘီအပွကြီးဝတ်ပြီး hip hop သီချင်းတွေ ဆိုတာမြင်ရရင် ငါသေပျော်ပြီ။

In: ကဗျာ Posted By: Date: Nov 9, 2012
Comment #1

မလုပ်ပါနှင့်ရှင် ကိုလေးဖြူငိုနေပါဦးမယ်

commentinfo By: maypyo22889 at Nov 9, 2012
Comment #2

ငိုပြီးသွားပြီဗျာ ဒါက ပေးဆပ်သူတို့ နှလုံးသားအတွက်မျက်ရည် ပြုံးလို့ ပျော်လို့ပေါ့ဗျ တဆိတ် အထင်မလွဲနဲ့အုံး ငါ့တဘဝလုံးမှာ တလုံးအက္ခရာ ဝေါပေပါ

commentinfo By: alankwartarmain at Nov 9, 2012
Comment #3

ရှိတာသိသားပဲ ဒီလောက်သွေးလည်ပတ်အားကောင်းနေမှတော့ ကိုယ်ရင်ဘက် ကိုယ်လှည့်ကြည့်သလိုဖြစ်နေတာကို စဉ်းစားဖို့မလိုဘူးလေ

commentinfo By: alankwartarmain at Nov 9, 2012
Comment #4

………………….

commentinfo By: SoFarAwayFromU at Nov 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment