— ဒီတစ်ခါ နင်ပြန်လာရင် ငါမငိုတော့ဘူး—-
—– ဒီတစ်ခါ နင်ပြန်လာရင် ငါမငိုတော့ဘူး —–
နင်ပြန်လာမှာလား….အဲ့ဒီမေးခွန်းလေးကို ငါမမေးရဲသေးဘူး
နင်ပြန်မလာတော့ဘူး….ငါသိတရ်
ပြန်လာပါလို့တောင်းဆိုဖို့ကိုလည်း…..ငါ့မာနကခွင့်မပြုဘူး
နင်ပြန်မလာပါနဲ့တော့…ငါအရင်လိုချစ်တုန်းဘဲ
နင့်အသံလေး ငါကြားယောင်နေတရ်…
နင့် ဓာတ်ပုံလေး ငါထုတ်ကြည့်တရ် (တစ်နေ့သုံးခါ)
နင့် ရယ်သံလေးတွေ ငါ့အခန်းနံရံတစ်ဝိုက်မှာ ပျံနှံ့နေတုန်းဘဲ
နင် စိတ်လိုလက်ရ ရယ်မောတဲ့အခါ ငါသိပ်ချစ်တာဘဲ…
နင်ကျေနပ်အောင် ထမင်းတစ်ပန်းကန်ထဲ နှစ်ယောက်ပေါင်းစားခဲ့ကြတာလေးတွေ
ငါပြန်ပြီး ကြည်နှုးနေတုန်းဘဲ
ငါကိုယ်တိုင် လက်နဲ့ခွံ့ကျွေးမှ ထမင်းစားတတ်တာလေးတွေ
ပြန်စဉ်းစားရင် အခုထိတောင် ငါ့ရင်ခုန်သံတွေနွေးနေတုန်းဘဲ
နင် စိတ်ကောက်လို့ငိုတဲ့အခါ ငါလည်းချော့မရလို့ငိုခဲ့ဖူးတရ်နော်…
နင့် လက်လေးတွဲလို့ ငါ့အပေါင်းအသင်းတွေကြားထဲ
ခေါင်းလေးမော့လို့ မာန်တက်ခဲ့ဖူးတရ်
နင့်အကြောင်းကို ပြန်တွေးတိုင်း တသိမ့်သိမ့်ဖြစ်သွားတဲ့
ငါ့ရင်ခုန်သံတွေ အရင်တုန်းကအတိုင်း လတ်ဆတ်နေတုန်းဘဲ
နင့် အကြောင်းတွေးလိုက်တိုင်း ရေးလိုက်တိုင်း
ငါတစ်ကိုယ်တည်း ပြုံးနေမိတာလဲ အခါခါပါဘဲ
တကရ်ပါ….မညာပါဘူး ..မယုံရင်လာကြည့်လှည့်ပေါ့
သိပ်မဝေးပါဘူး မိုင်ပေါင်း ( 175 ) မိုင်…… 🙂
P.s// ရေးရင်း ရေးရင်းပုံစံပြောင်းသွားပါတရ်။ အစကတော့ခပ်ဆွေးဆွေးလေးရေးမလို့ဟာကို
ဘရ်လိုဖြစ်သွားမှန်းမသိ ခေါင်းစဉ်နဲ့လွှဲသွားတရ်။ မပြင်တော့ပါ။
ဝန်ခံချက်။ ။ စာရေးနေရင်း ဘရ်နှစ်ကြိမ်မှန်းမသိပြုံးလိုက်မိတရ်။
Comment #2
နင်ပြန်လာမှာလား….အဲ့ဒီမေးခွန်းလေးကို ငါမမေးရဲသေးဘူး
နင်ပြန်မလာတော့ဘူး….ငါသိတရ်
ပြန်လာပါလို့တောင်းဆိုဖို့ကိုလည်း…..ငါ့မာနကခွင့်မပြုဘူး
By: mayviolet at Nov 5, 2012
Comment #3
thank Ei Lay 🙂
By: မာန်ခက်ဝင့် at Nov 5, 2012
Comment #5
အရမ်းကောင်းတာပဲ ရေးထားတာလေးက ချစ်စရာလေး….အားပေးသွားပါတယ်….။
By: အလွမ်း at Nov 6, 2012
Comment #6
ဟုတ်ကဲ့ အားပေးသွားတဲ့ အစ်ကို အမအားလုံး ကျေးဇူးတင်ပါတရ် ဗျာ…။ 🙂
By: မာန်ခက်ဝင့် at Nov 6, 2012
Comment #7
သတ္တိရှိရင် ပြန်မလာပဲနေပေါ့
ဟင့်
ကိုယ့်ဘာသာကိုယ်လိုက်လာမှာပဲ
🙂
ထားခဲ့လို့ကတော့ သတ်ပစ်မယ်
ဒါဗြဲ
😛
By: ei lay at Mar 9, 2013




Comment #1
😛
so much cute,
be hna khar hman taung ti dot par bu “smile” & “smile” & “smile” & “smile” &….&……..& “smile”