Professional Authors

ကဗျာတွေရေးဖြစ်တော့မည် မထင်ပါ……

ကျမ ကဗျာတွေစာတွေမရေးဖြစ်တာကြာပါပြီ.
ကြာဆို ရေးမယ်တွေးလိုက်တိုင်း သူ့အကြောင်းတွေပဲခေါင်းထဲရောက်လာလို့ပါပဲ.
ရေးလိုက်တိုင်းလည်း ကဗျာတွေဖြစ်မလာပဲ ကျမရင်ထဲက ကြေကွဲသံစဉ်တွေသာ ထွက်ထွက်ကျလာတာမို့ စာရေးဖို့တောင် အတော်တွန့်ဆုတ်တွေဝေနေတတ်ပြီ.
ကျမသူနဲ့ စကားမပြောဖြစ်တာ တော်တော်တောင်ကြာနေပါပြီ.
ဒါပေမယ့်ကျမနေ့တိုင်းသတိရနေပါသည်. လွမ်းနေပါသည်.
ကျမနေ့တိုင်း online ပေါ်မှာစောင့်နေခဲ့ပေမယ့် သူရဲ့ account မှာ မီစိမ်းလေးပြလာသည့်တိုင်အောင် ကျမ HI လို့နှတ်ဆက်ဖို့ဝန်လေးနေပြန်ပါသည်…သူလဲ ကျမလိုပဲ ဖြစ်နေပါလိမ့်မည်.
ကျမ2 နာရီလောက်ကြာအောင် မီးစိမ်းလေးကို….ပြီးတော့ nick ပေါ်တင်ထားတဲ့သူ့ပုံလေးကိုထိုင်ကြည့်နေတတ်တာ သူမသိနိုင်ပေမယ့် ဒါဟာ  သူနေကောင်းကျန်းမာနေတယ်.. သက်၇ှိထင်ရှားရှိနေသေးတယ်ဆိုတဲ့ အသိကလေးကပဲ ကျမအတွက်တော့ ကြည်နူးကျေနပ်စရာပါ…
ပြီးခဲ့တဲ့ စက်တင်ဘာလ တုန်းကသူ့မွေးနေ့မှာ ဘုရားမှာရွှေသင်္ကန်း ကပ်လှူပေးရင်း သူ့အသက် သက်စေ့ ဂုဏ်တော်ပုတီးစိပ်ပေးခဲ့တာတွေလည်း သူမသိနိုင်ပေမယ့် ကျမကျေနပ်ပါတယ်….
ကျမအတွက်တော့ သူ့ကိုချစ်ခဲ့ခြင်းဟာ ၀ဍ်ကြွေးတစ်ခုလိုပါပဲ…
အရာရာဟာနောက်ကျသွားခဲ့ပြီဆိုပေမယ့်
အားလုံးအဆုံးသတ်သွားခဲ့ပြီဆိုပေမယ့်….
သူအလိုရှိတဲ့ အချိန်တိုင်းမှာ သူ့အနားမှာ၇ှိနေနိုင်ဖို့ ကျမတဖတ်သတ်ကြိုးစားနေမိတုန်းပါပဲ…
သူအရမ်းစိတ်ညစ်တဲ့ အချိန်တွေမှာ…. အရမ်းအထီးကျန်တဲ့ အချိန်တွေတိုင်းမှာ…
စကားပြောဖော်တစ်ယောက်အဖြစ်ရှိနေနိုင်ဖို့ ကျမ online သုံးနေတယ်ဆိုတာလည်း သူမသိနိုင်ပါ..
ကျမ account ထဲမှာ သူတစ်ယောက်ကလွဲရင်ဘယ်သူ့ကိုမှ add မထားဘူးဆိုတာပြောပြရင်လည်းသူယုံမယ်မထင်ပါ…
တခါတခါ အတိတ်ကအကြောင်းတွေ ပြန်ပြောင်းပြောရင်း… စိတ်ထဲကမပါပဲ အပျော်သက်သက်နောင်ပြောင်တတ်တဲ့ သူ့ စကားတွေကို အလိုက်သင့်ပြန်ပြောရင်း “ချစ်တယ်” ဆိုတဲ့ စကားလေးတစ်ခွန်းလောက်များ သူ့ဘက်က ပြောထွက်သွားတဲ့အခါ..
ရှေ့ဆက်ပြီး သူငယ်ချင်းတွေလိုတောင် ခင်မင်ခွင့်မ၇ှိတော့မှာ ကျမအရမ်းစိုးရိမ်နေခဲ့ဖူးသည်၊
ကျမ စိုးရိမ်နေတဲ့ အဖြစ်အပျက်တွေ တကယ်ဖြစ်လာတဲ့အခါ………

ကျမ သူနဲ့ စကားမပြောဖြစ်တာ တော်တော်တောင်ကြာနေပါပြီ.
online ပေါ်မှာနေ့တိုင်းရှိနေတတ်ပေမယ့် …ကျမတို့ စကားမပြောဖြစ်တော့ပါ…
ဒီတော့လည်း ၀မ်းနည်းရပြန်ပါသည်။
စကားပြောဖို့လည်း ဘယ်လိုမှမဖြစ်သင့်တော့တဲ့အခါ ကဗျာတွေရေးလိုက်တိုင်း သူ့ကိုသတိရသည့် အကြောင်းတွေ….
လွမ်းသည့်အကြောင်းတွေသာဖြစ်ဖြစ်လာတာမို့….
ကျမ….နောင် လများစွာကြာအောင် ကဗျာတွေ၊ စာတွေရေးဖြစ်တော့မည်မထင်ပါ…..

In: စကားပြေ Posted By: Date: Oct 9, 2011
Comment #1

ကျွန်တော်ဖတ်သွားပါတယ်.
တိုက်ဆိုင်မှုများစွာနဲ့….ခံစားအားပေးသွားပါတယ်…စိတ်လည်းမကောင်းဝူးဗျာ
ပျော်ရွှင်သာယာခြင်းတို့ ညီမလေး ဆီ လျှင်မြန်စွာ..ခံစား…ပျော်ရွှင်မှုများခံစားနိုင်ပါစေ

commentinfo By: အသဲကွဲမိုး at Oct 10, 2011
Comment #2

ကဗျာတွေမရေးပဲတော့မနေပါနဲ့
ရေးပါနော်…ဒီလိုအကြောင်းခံလေးတွေရှိတော့ပိုပြီးကဗျာရေးလို့
ကောင်းပါတယ်။

commentinfo By: jasmine at Oct 10, 2011
Comment #3

ခံစားသွားပါတယ်

Comment #4

အားပေးသွားပါတယ်

commentinfo By: laminpaing at Oct 10, 2011
Comment #5

ဘာပြောရမှန်းမသိဘူး စိတ်မကောင်းတာတော့အမှန်ဘဲ
ကဗျာဆက်မရေးတော့ဘူးဆိုတော့ တကယ်စိတ်မကောင်းဖြစ်မိတယ်
နောင် တစ်နေ့နေ့ တစ်ချိန်ချိန် ကလောင်ရှင်နှိုင်းခ ကဗျာရေးဖို့လုံးဝအဆင်ပြေသွားရင် ကဗျာတွေဆက်ရေးပါဗျာ ကျွန်တော်ကတော့ သူငယ်ချင်းတစ်ယောက်အဖြစ်အမြဲအားပေးနေမှာပါ ။

commentinfo By: X - ray at Oct 11, 2011
Comment #6

ကောင်းတယ်ဗျာ စာလေးတွေက

commentinfo By: thargyi at Oct 19, 2011
Comment #7

tike sine like tar.
me too.
i m also september born.

believe it or not.
sep born used 2 love so so much if they r falling in love with a person.
never change another one how it’s difficult.
then feel so much,,and then cry so so much.really nervous.
so don’t make “hurt”.

commentinfo By: ei lay at Oct 28, 2011
Comment #8

နှိုင်းခရေ..မတွေ့တာကြာပြီးနော်… သူငယ်ချင်းရဲ့ ခံစားချက်ကို နားလည်ပါတယ်..ဘာလို့လဲဆိုတော့ သုခလဲ အဲဒီလိုပဲလေ.. ဒါကြောင့် စာတွေမရေးဖြစ်တာ ကြာသွားတာလေ… ခံစားချက်မှန်သမျှက သူနဲ့သက်ဆိုင်နေတော့လေ..

commentinfo By: thukhacho at Dec 17, 2011
Comment #9

ခုမှ တွေ့ပေမဲ့ တကယ်ကြိုက်တဲ့ အခိုက်တန့်လေးပါ..
း)

commentinfo By: lit.thorn at Jan 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment