Professional Authors

တောင်းဆိုမှု

မိုးနေ့ ..
နှလုံးအိမ်အောင်းနေတဲ့
အဆွေးဓါတ်တွေ
သွန်ချခွင့်ရှိခဲ့တယ် …
အချစ် .. ပျိုးခံခဲ့ရသူပါ
ပျော်စေလိုတဲ့ စိတ်သက်သက်နှင့်
ငါ့ ရင်ခွင်ကို
ထွန်ယက်ခွင့်ပေးခဲ့တာ ..
အဆိပ်တွေ
လောင်းခဲ့မှန်းမသိလို့
ကောင်းကောင်း ရှင်သန်နေရတာ ..
အခုတော့
နင့် ကြင်နာမှုကို
မျှော်လင့်မိတဲ့ အပြစ်သား ..
ငါလေ
အဝေးကို
ထွက်ပြေးလွတ်မြောက်ချင်မိလို့
ကျေးဇူးပြုပြီး
နင့် မုသားတွေ
ရိတ်သိမ်းပေးသွားပါ …

In: ကဗျာ Posted By: Date: Oct 31, 2012
Comment #1

ငါလေ
အဝေးကို
ထွက်ပြေးလွတ်မြောက်ချင်မိလို့
ကျေးဇူးပြုပြီး
နင့် မုသားတွေ
ရိတ်သိမ်းပေးသွားပါ …

commentinfo By: May Kha at Oct 31, 2012
Comment #2

ကျေးဇူးတင်ပါတယ် ဖတ်ပေးလို့ပါ အမကဗျာတွေလည်းကြိုက်ပါတယ်

commentinfo By: ရွှေငါးလေး at Oct 31, 2012
Comment #3

နင့် ကြင်နာမှုကို
မျှော်လင့်မိတဲ့ အပြစ်သား ..
ငါလေ
အဝေးကို
ထွက်ပြေးလွတ်မြောက်ချင်မိလို့
ကျေးဇူးပြုပြီး
နင့် မုသားတွေ
ရိတ်သိမ်းပေးသွားပါ …

commentinfo By: မ at Nov 1, 2012
Comment #4

thz a lot, ma

commentinfo By: maypyo22889 at Nov 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment