Professional Authors

တောင်းဆိုမှု

မိုးဖွဲဖွဲလေးရွာဖို့
တိမ်ညိုတွေနဲ့အတူ
ငါငိုလိုက်ချင်သေးတာ

မျက်ဝန်းတွေရီဖို့
နေ့ထက်ဝက်စာ
ငါမျှော်လင့်ခဲ့ရ

နင်မပြုံးပြခဲ့တဲ့
မနက်ခင်းတခုမှာ
သေဆုံးသူငါဖြစ်ခဲ့

လောင်ကျွမ်းသွားတဲ့
အိမ်မက်ပြာတွေ
ငါလိုက်ကောက်နေတုန်း
ဝေး….သွား…..ခဲ့…….

မနေ့ကလိုပဲ…..
အပြုံးတချို့ပေးပါ။

အမရာ

In: ကဗျာ Posted By: Date: Jun 1, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment