Professional Authors

အံချော်ခြင်း

အတ္တ…
စကားလုံးတွေပြည့်ကြပ်နေတယ်…
ဟိုလူ့ နည်းနည်း
သည်လူ့နည်းနည်း
အကူအညီတောင်း အပူထုတ်ရတယ်

ခဏ ခဏ အထင်လွဲခံရတယ်
ခဏ ခဏ အထင်လွဲနေချင်မိတတ်တယ်
ကြင်နာတတ်သောမျက်ဝန်းတို့ မထင်မိဘူး ဥပေက္ခာ
ကိုယ့်ဒေါသနဲ့ကိုယ် ထွေးမရ အန်မရ ခါးတယ်

ကျူးလွန်မိသော အမှားများ
တော်တော်လွန်ပြီးမှ တော့
ခွင့်လွှတ် ဖို့မမျော်လင့်ရဲတော့…

အဲသမှာ
ငါ. . .
အပြစ်သား..
…..
နောင်တ ပင်လယ်။ ။

ဩမြိုင်

In: ကဗျာ Posted By: Date: Jun 26, 2012
Comment #1

🙂

commentinfo By: ei lay at Jun 26, 2012
Comment #2

very good …

commentinfo By: cynthia at Jun 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment