Professional Authors

“ ကာလသုံးပါး ”


 အတိတ်
 
အမှားတွေနဲ့ စခဲ့တဲ့ဇာတ်လမ်း
ခပ်ကြမ်းကြမ်း ဘ၀ထဲမှာ
ကျွန်တော်တို့ အသဲ
ခပ်ရဲရဲလေး ဖြစ်ခဲ့တယ် ။
 
သဲ့သဲ့လေးကြားတဲ့ ရှိုက်သံထဲမှာ
လိုက်ချင်စရာ လမ်းထဲ
ခပ်မိုက်မိုက်လည်း ၀င်ခဲ့ဖူးတယ် ။
 
ရူးမတတ် ခံစားချက်နဲ့
နက်နက်ကလေး တွေးတော့
ကျွန်တော်တို့ နားမှာ
အမှန်တွေရဲ့ အမှားက
ဘုရင်တစ်ပါး ဖြစ်ခဲ့တယ် ။
 
ပစ္စုပ္ပန်
 
“ ပျက်အစဉ် ပြင်ခန ” တဲ့
မြင်သမျှ ပြင်လို့
အရင်က အမှားတွေကို
အတိတ်မှာပဲ ထားခဲ့ပါစို့… ။
 
ယိုင်နဲ့ နေတဲ့အိမ်အတွက်
သိမ်ငယ်စရာလည်း မရှိပါဘူး ။
အသိတရား များပြားလာတဲ့ ခုအခါ
ထူးထူးခြားခြား ရင်ထဲကတရားနဲ့
တစ်လှမ်းခြင်း သွားကြတာပေါ့… ။
 
အမှားတွေ ထားခဲ့
အမှန်များနဲ့ စမယ့်ခုမနက်
ကျွန်တော်တို့ အတွက်ပဲလေ
သပ်သပ်ယပ်ယပ် တောင်ကို
မြင်ယောင်ကြည့်ကြပါဦး… ။
 
အနာဂတ်
 
သူတို့တစ်တွေ သွားတဲ့လမ်း
ခပ်ရမ်းရမ်းကိုလည်း
မမှန်းပါဘူး… ။
 
တမ်းတမ်းတတ
ရချင်တာကတော့
သူတစ်ပါးကို မော့မကြည့်ရတဲ့
ယုံကြည်မှု တစ်ခုပါပဲ… ။

In: ကဗျာ Posted By: Date: Oct 7, 2011
Comment #1

အမှန်တွေရဲ့ အမှားက
ဘုရင်တစ်ပါး ဖြစ်ခဲ့တယ် ။ ဖြစ်ခဲ့တယ်တဲ့လား
လှတယ်ဖိုးကြယ်…

commentinfo By: PC at Oct 7, 2011
Comment #2

ယိုင်နဲ့ နေတဲ့အိမ်အတွက်
သိမ်ငယ်စရာလည်း မရှိပါဘူး ။
အသိတရား များပြားလာတဲ့ ခုအခါ
ထူးထူးခြားခြား ရင်ထဲကတရားနဲ့
တစ်လှမ်းခြင်း သွားကြတာပေါ့… ။
ကောင်းတယ်ဗျ

Comment #3

ဟုတ်ကျေးဇူးပါခင်ဗျာ….

commentinfo By: ကြယ်စစ်သည် at Oct 10, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment