Professional Authors

မြို့ပျက်

ဟောဒီညမှာ မင်းအိပ်နေတဲ့အခါ..

ဂြိုဟ်ပေါင်းများစွာ ပျက်ကျနေတယ်ဆိုတာ မသိဘဲ
မင်းအိပ်နေတဲ့အခါ
ကြယ်ပေါင်းများစွာ ကြွေကျနေတယ်ဆိုတာ မသိဘဲ
မင်းအိပ်နေတဲ့အခါ
အဲဒီသတင်းကို မင်းဆီရောက်အောင် ငါပို့လိုက်ပါ့မယ်

ရွက်လွှင့်သင်္ဘောများရဲ့ ရွက်သံ တဖျတ်ဖျတ်ကြားရာ
ပင်လယ်ခေါ်သံ လှိုင်းတံပိုးများ အော်မြည်ရာ
ညအမှောင်ရဲ့ လက်နဲ့ ဆွဲကိုင်လှုပ်ရမ်းရာ
ငါဟာ ဒီကျွန်းစွယ်မှာ အခြေချမိသူပါ

ငါ့ခြေထောက်ကို ကျောက်ချရပ်နားပြီး
အဝေး လရောင်ကို ငေးကြည့်မိတဲ့ လမိုက်ည
ညက ပိုမှောင်တယ်

ဒီကမ္ဘာမှာ
အချစ်ဆိုတာ မရှိရင် ငါရှင်သန်စရာမလိုဘူး
အချစ်ဆိုတာတွေ့ရှိပြီးတဲ့ နောက်လည်း
ငါရှင်သန်စရာ မလိုတော့ဘူး

ငါ ကျယ်လောင်စွာ ၀င်လာခဲ့ပါတယ်
ပြီးတော့ တိတ်တဆိတ်ပဲ ထွက်ခွာခဲ့တယ်
ဒီမြို့ပျက်ထဲမှာ
အရာရာကို စိုက်ပျိုးပြီးတဲ့နောက်

အခု
ဒီ သီချင်းကို ကြားလိုက်ရတယ်မို့လား
အဲဒါ
ဘယ်သူ ဆိုနေတာလဲ

In: ကဗျာ Posted By: Date: Oct 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment