Professional Authors

စိတ်မရှိနဲ့ဗျာ

စိတ်မရှိနဲ့ဗျာ..
ကျွန်တော် ခုတစ်လော ကဗျာတွေရေးဖို့ စိတ်မပါသေးဘူး
စိတ်မရှိနဲ့ဗျာ..
ကျွန်တော့်စိတ်ကူးတွေလဲ ငြိမ်းချမ်းစွာဆန္ဒပြရင်း လမ်းပျောက်ကုန်ကြလို့
စိတ်မရှိနဲ့ဗျာ ..
ကျွန်တော်ကအိုင် (i) လောကကြီးကိုငြီးငွေ့စိတ်ကုန်နေတတ်သူမို့
စိတ်မရှိနဲ့ဗျာ ..
ပိုက်ဆံမရှိတောင် ကမ္ဘာကြီးကိုအပိုင်ဝယ်ထားချင်တဲ့ ကိုယ့်ကိုကိုယ်မုန်းတီးမိနေလို့
စိတ်မရှိနဲ့ဗျာ ..
ကျွန်တော်က မရည်ရွယ်ချက်ပဲနဲ့ ရည်ရွယ်ချက်တစ်ချို့ချရေးဖြစ်သွားရင်
စိတ်မရှိနဲ့ဗျာ ..
တကယ်လို့ ခင်ဗျားကလဲ မရည်ရွယ်ပဲနဲ့ ဒီစာကိုဖတ်ဖြစ်သွားခဲ့ရင်ပေါ့ ။ ။

In: ကဗျာ Posted By: Date: Oct 28, 2012
Comment #1

@__@
@__@
@__@

commentinfo By: ei lay at Oct 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment