Professional Authors

လွမ်း တယ်

လွမ်းတယ် ချစ်သူရယ်
ခြောက်ကပ်စွာ ငိုကြွေးရင်းပဲ
တိုးတိတ်စွာခံစားနေရတယ်
လမိုက်ည တစ်ညရဲ့ အအောင်မြင်ဆုံး
လှောင်သံတွေက ငါ့ကို တေးဆိုပြနေလေရဲ့၊၊
လွမ်းတယ် ချစ်သူရယ်
အိမ်မက်ထဲထိ ခြောက်လှန့်နေတဲ့
မင်း ၀ိညာဉ် ကို ငါကြောက်လာရဲ့
စုတ်ပြတ်နေတဲ့ အနာဂါတ်လမ်းပေါ်က
အရှုံးသမား တစ်ယောက်ကို အခါးဆုံး
ကော်ဖီတစ်ခွက်လောက် တိုက်လှည့်ပါ၊၊
လွမ်းတယ် ချစ်သူရယ်
ငါ့အဖြစ်က သက်တံ ကိုလဲတွေ့ချင်
မိုးမရွှာပါစေနဲ့လို့လဲ ဆုတောင်းနေတဲ့
ဘာမှမသိတဲ့ ချာတိတ်တစ်ယောက်နဲ့ တူနေလေရဲ့၊၊
လွမ်းတယ် ချစ်သူရယ်
ငါပြောလိုက်တဲ့ စကားလုံးတွေက
ငါ့နောက်ကျောကိုပြန်ထိုးမယ့်
ဓားချက်တွေဆိုတာသာ အစတည်းက
သိခဲ့ရင် နောင်တတွေတသီကြီး နဲ့
ဒီလမ်းကိုလျှောက်မိမှာမဟုတ်ဘူး ၊၊
လွမ်းတယ် ချစ်သူရယ်
မွန်းကြပ်နေတဲ့ ရင်ခုန်သံတွေ
စို့နင့်နေတဲ့ မျက်ရည်စတွေက
ဘယ်သူ့အပါးက ပါးကွက်သားတွေလဲ မသိတော့ဘူး၊၊
အပြင်းပြဆုံးဆန္ဒတွေကို ချိုးဖောက်ပြီး
နှလုံးသားနဲ့ မကင်းလှသောနာမ်စားတစ်ခုကို
ရေရွှတ်လို့ ငါငိုကြွေးလိုက်မယ်
 လွ မ်း တ ယ် ချ စ် သူ ရ ယ် ၊ ၊

In: ကဗျာ Posted By: Date: Oct 20, 2012
Comment #1

လွမ်းတယ် ချစ်သူရယ်
ငါပြောလိုက်တဲ့ စကားလုံးတွေက
ငါ့နောက်ကျောကိုပြန်ထိုးမယ့်
ဓားချက်တွေဆိုတာသာ အစတည်းက
သိခဲ့ရင် နောင်တတွေတသီကြီး နဲ့
ဒီလမ်းကိုလျှောက်မိမှာမဟုတ်ဘူး ၊၊
လွမ်းတယ် ချစ်သုရယ်
ခံစားအားပေးသွားပါတယ်။

commentinfo By: gadounlay at Oct 20, 2012
Comment #2

Oh.oh..
$__$
$__$
$__$

commentinfo By: ei lay at Oct 20, 2012
Comment #3

လွမ်းတယ် ချစ်သူ

commentinfo By: lynetty htoo at Oct 27, 2012
Comment #4

ဒီလို ကောင်းတဲ့ ကဗျာ တစ်ပုဒ်ဖြစ်ဖို့ ရင်ဖက်ကြီးတစ်ခုလုံး စတေး ရတ လား ET ရယ်

commentinfo By: M လွင့်ရောင် at Oct 7, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment