မတန်လိုက်တာဗျာ(genius)
နင်…မလိုအပ်ဘူးဆိုရင်
အစတည်းက ငါ့ကို
ဆွဲမခေါ်ပါနဲ့လား။
နင်…ဖယ်ချထားခဲ့ဖို့ဆိုရင်
အစတည်းက င့ါကို
လှမ်းမခေါ်ပါနဲ့လား။
နင့်အတွက် အသုံးမ၀င်ဘူးဆိုရင်
အစတည်းက ငါ့ကို
အိပ်မက်တွေ ပေးမမက်ပါနဲ့လား။
နင့်အတွက် ဟာသတစ်ပုဒ်ဆိုရင်
အစတည်းက ငါ့ကို
အလွမ်းတွေ သင်မပေးပါနဲ့လား။
အခုတော့…
နင် လှမ်းခေါ်လို့
လာခဲ့တဲ့လမ်း
ပြန်လမ်းမသိအောင်
ညဥ့်နက်လိုက်တာ
နင် ခဏတာပျော်ဖို့
တစ်ဘ၀စာ
ငါ့အသည်းနှလုံးကို
ရင်းပေးလိုက်ရတယ်လို့ကွာ။
တောက်!
မတန်လိုက်တာ။
Comment #3
မောင်လေး…အမ အားပေးနေပါတယ်………..
နောက်ပိုင်း..အမ comment တွေမတွေ့လည်း…အမ အမြဲအားပေးနေတယ်လို့..ယုံပေးပါ
…………………………………………………………………………………………………………………………………………………..
By: အသဲကွဲမိုး at Oct 7, 2011
Comment #5
နင့်အတွက် ဟာသတစ်ပုဒ်ဆိုရင်
အစကတည်းက ငါ့ကို
အလွမ်းတွေ သင်မပေးပါနဲ့လား ။
စကားလုံးတွေ လုံးဝလှတယ်ဗျာ အားပေးသွားတယ် ။
By: X - ray at Oct 7, 2011
Comment #6
နင်…ဖယ်ချထားခဲ့ဖို့ဆိုရင်
အစတည်းက င့ါကို
လှမ်းမခေါ်ပါနဲ့လား။
နင့်အတွက် အသုံးမ၀င်ဘူးဆိုရင်
အစတည်းက ငါ့ကို
အိပ်မက်တွေ ပေးမမက်ပါနဲ့လား။
နင့်အတွက် ဟာသတစ်ပုဒ်ဆိုရင်
အစတည်းက ငါ့ကို
အလွမ်းတွေ သင်မပေးပါနဲ့လား။
By: ဇော်သက်ဦး(Ayatekalay) at Oct 12, 2011
Comment #7
မမိုး…ငါ့အမ တော့လုပ်ပြီးးးးးးအဲလိုတော့.မပြောပါနဲ့commentကြောင့်မဟုတ်ဘူး ငါ့အမ မရှိဘဲနဲ့တော့ မလုပ်ပါနဲ့ဗျာ…
အားပေးတဲ့ညီအစ်ကိုမောင်နှမများအားလုံးကျေးဇူးပါ။
By: poem.poem28 at Oct 12, 2011
Comment #8
hote pa.
hint,,,
a yan yat sat de thu g.
nay ma kaung pyit nay tar taung ne ne hma ga yu ma sike bu.
hint…
lu soe g,
By: ei lay at Oct 19, 2011
Comment #10
အရမ်းကြိုက်တယ်….
By: ကြယ်စင်နတ်သမီး at Mar 19, 2012
Comment #12
^__^
^__^
By: ei lay at Jan 13, 2013




Comment #1
အားပေးသွားတယ်…..နဲနဲလျှော့ခံစားချက်တွေပြင်းထန်နေတယ်.