Professional Authors

နံနက်စောစော ရယ်မောခြင်း (၀င်းမောင်)

ချစ်တော့မယ်ဆဲဆဲ
ဒီတစ်ည
မိုးလင်းရပြန်ပြီ။

ကြားခဲ့ဘူးရဲ့

“လူ့ဘ၀ကလေးဟာရေပွက်ပမာ
ယာယီမှတ်ပုံတင်တံဆိပ်
အပ်ဖျားပေါ်က မုံညင်းစေ့…” တဲ့
လေ့လာစရာ မများလွန်းဘူးလား။

“သတိရခြင်းဟာ..
..ရှိသင့်တာထက် ပိုတဲ့ အရှုပ်အထွေးတွေ..”တဲ့
အလိုမတူဘဲ
ဒီစကားကို လက်ခံရရှိလိုက်တာဟာ
ဘုရားအလောင်းနဲ့ သိကျွမ်းပြီး
ခုနစ်ရက်စောသေသွားတဲ့ ‘အာဠာရ’ လို
နာတယ်။

အလွမ်း၊ အဆွေး
အလိုရမ္မက်
ဒီတေးကို သေသေချာချာ ဆိုဖူးသလားမေးရင်
ဖွပ်ဥအဆိမ့်ဆုံးလို့သာ ဖြေလိုက်ချင်တယ်။

မိုးကောင်းကင်ရဲ့ အစကို မရှာချင်သူရဲ့ ဒုက္ခ
ခု ရနေတယ်။

သမုတိနယ်က သစ္စာတရားကို မတွေ့ရသေးသမျှ
အနာဂတ်ကို မီးမလောင်စေဘူး

ဘ၀မှာ
(ဖြစ်နိုင်မယ်ဆိုရင်)
အမေ့ဝမ်းထဲကနေ
ကိုယ့်နာမည် ကိုယ်ခေါ်ပြီး ထွက်လာချင်တယ်။  ။

ဝင်းမောင်
သရဖူ၊ စက်တင်ဘာ၊ ၁၉၉၇
/*အပြုံးရောင်သီချင်း ကဗျာများ စာအုပ်မှ*/

Comment #1

သတိရခြင်းဟာ..
..ရှိသင့်တာထက် ပိုတဲ့ အရှုပ်အထွေးတွေ..”တဲ့

commentinfo By: May Kha at Oct 31, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment