Professional Authors

ဝိပါတ်

ငါပိုင်ဆိုင်တဲ့
အရာတိုင်းကို
ငါ မမက်မောပါဘူး
ဒါပေမဲ့ 
ငါမက်မောလိုက်ရင်လေ
အရာအားလုံးက
သူများအတွက် ဖြစ်သွားတယ်

ကွယ်………..တစ်ကြိမ်ထဲလည်းမဟုတ်တော့ပါဘူး
ငါအရူးတစ်ပိုင်းဖြစ်ရတာလေ

ဘယ်လိုဝိပါတ်တွေများပါလိမ့်

ဘုရားသခင်ကရော
ငါ့ဆီကို တမန်တော်မလွှတ်တော့ဘူးလား
ငါ့သွေးမျက်ရည်တွေ
သူ့ရဲ့ကောင်းကင်နိုင်ငံတိုင်
ရောက်တော့မယ်

Michael ကတော့
အမှန်တရား ၃  မျိုးကို ရှာတွေ့သွားပြီ
ငါကရော???????
ဘယ်အမှန်တရားတွေကို ရှာရမှာတဲ့လဲ

လူ့ဘောင်လောကကို ငြီးငွေ့အောင်လုပ်နေတာလား?
ငါ့အတွက် ဒါတွေဟာ တရားပြနေတာလား?

ဒါဆိုရင်တော့လေ………….
ငါ…. အရာအားလုံးကို လက်မြှောက်အရှုံးပေးမိလိမ့်မယ်

In: ကဗျာ Posted By: Date: Oct 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment