Professional Authors

ကျောမခိုင်းခင်

ခေတ်တစ်ခေတ်ရဲ့ နှစ်သစ်အစမှာ

အဆဲရောဂါရလူတစ်ယောက်

ဒါဏ်ရာတွေ ယောင်ကိုင်းလိုက်ပုံက တကိုယ်လုံးနဲ့မဆန့်

စိတ်ထဲဆို . . .တစ်ခုပြီးတစ်ခု

ဆက်တိုက် ဝင်ရောက် ပျောက်ဆုံး

စိတ်ကစဉ့်ကလျားဖြစ်စဉ်

စိတ်နဲ့လိုက်၍ ခန္ဓာကိုယ်သည်ပြောင်းလဲ

အရင်ကနဲ့ အသွင်အပြင်အခင်းအကျင်းလုံးဝမတူ

တစ်နေ့နဲ့ မနေ့ ကမတူ မနေ့နဲ့ဒီနေ့ . . .

ငြိမ်းချမ်းမှုရအောင် မေ့ဖျောက်ချင်တယ်

အကုန်အားလုံးတွက် ကျွန်တော်သည် မျောက်ဖြစ်ချင်သွား

ဒါဝင်မသိလိုက်ပဲ လူသည်မျောက်တစ်ကောင်ဖြစ်သွား

မျောက်တစ်ကောင်ဖြစ်ချင်ခြင်းမှလွဲ၍

ကျန်တာအားလုံးကို

မဆိုင်ချင် မသိချင် စက်ဆုတ် ကြောက်ရွံ့. . . .

ဥာဏ်အလွန်ကောင်းသော နယူတန်ရှိခဲ့ရာ

မှတ်ဥာဏ်မကောင်းသော ကမ္ဘာကြီး

မီးကိုရှာဖွေတွေ့ရှိသူကိုမမှတ်မိ

မေ့ပစ်သလို ညီမျှသောစက်ဆုတ်မှု

တိုးတိုးတမျိုး ကျယ်ကျယ်တခါ ပြော. . .

မေ့ဖျောက်ချင်သည် ဟုပြော

မျောက်ဖြစ်ချင်သည် ဟုပြော

“နှလုံးသားဆိုတာဘဝရဲ့အလှပဲ” တဲ့

“အဖြူရောင်စိတ်ကလေးကိုအရောင်နဲနဲဆိုးလိုက်ကွာ …အရသာပဲ” တဲ့

သူနဲ့မဆိုင်သလို တယောက်တည်း

မျောက်ပဲဖြစ်ချင်နေ မေ့ပဲဖျောက်ချင်နေ

 

 

In: ကဗျာ Posted By: Date: Oct 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment