Professional Authors

ကျွန်မ ..

ကျွန်မသည် ..

စာရေးကောင်းသူတစ်ယောက်မဟုတ်
မြန်မာလိုလည်းအရေးမကျွမ်းသလို အင်္ဂလိပ်လိုလည်း မတတ်ကျွမ်းပြန်
စကားပြောလျှင် ပိုဆိုးသည်
ထွက်ချင်တာတွေထွက်လွန်းလို့
ပါးစပ်လှမ်းလှမ်းပိတ်ရသည်မှာ အခါခါ..

ဒါပေမယ့်…
ကဗျာ သီချင်းနဲ့ အက်ဆေးရေးကောင်းသူတစ်ယောက်ဖြစ်ချင်သည်..
သီချင်းလေးများ စပ်တတ်ရင် သိပ်ကောင်းမည်
ကိုယ့်သီချင်းလေးတွေနဲ့ တစ်ကဘာလုံး ဖုံးလွမ်းမည်
အတိတ်လေးတွေ ပြောပြမည်

အက်ဆေးကောင်းကောင်းရေးလို့
ဒီဘ၀အဖြစ်အပျက်တွေပြောချင်သည်
လူတွေစရိုက် ဒီအဖြစ်သနစ်တွေ ဆုံးမချင်သည်
ကျွန်မ မပျော့ညံ့ အစွမ်းတော့ရှိကြောင်း
စကားလုံးတွေနှင့် ကိုင်ပေါက်မည်
ငယ်စဉ်က ကွဲကွာသွားတဲ့ သူငယ်ချင်းတွေ
ပြန်ရှာမည်

ကဗျာကောင်းကောင်းရေးတတ်ချင်သည်
အချိန်ပေးရွေ့တော့ မဖတ်နိုင်သေးပါ
လေ့လာချင်သည်
ဖွဲ့စည်းပုံ ရေးသားပုံ
အတုခိုးချင်သည်
ဒါပေမယ့် …
ကျွန်မ တစ်နေကုန်
ကဗျာထိုင်မဖတ်နိုင်သေးပါ

အတုခိုးလွယ်
ပတ်ဝန်းကျင်ကြောင့် ပြောင်းလွယ်ပေမယ့်
ကဗျာရေးသားခြင်းမှာ
တစ်နေသည်
ကဗျာဆရာတွေကြားနေပေမယ့်
ကျွန်မ မတိုးတက်လာသေး..
စကားလုံးတွေရှားပါးလာသလို
တကယ့်ပတ်ဝန်းကျင်မှာ
ကဗျာရေးသူ ကျွန်မတစ်ယောက်သာ ၇ှိလေသည်

အားတယ်လို့ထင်နေလို့
တစ်ခုခုရေးချင်ပေမယ့်
ကျွန်မ မရေးတတ်
စိတ်ကူးထဲမှာ ရှိနေပေမယ့်
တကယ်တမ်းထွက်မလာခဲ့
အဲဒါနဲ့ပဲ
ပျောက်ဆုံးသွားတဲ့ စိတ်ကူးတွေ
အသင်္ချေ…

h3mlock
22nd June 2009

In: ဆောင်းပါး Posted By: Date: Jun 22, 2009
Comment #1

မာကဲတိလေးက ကျုပ်နဲ့မှ မပေါင်းပဲ … ပေါင်းသာပေါင်းရင် တော်တီတိတော် ဆိုပြီး မြည်နေမှာ …

commentinfo By: nightbird at Jun 22, 2009
Comment #2

မြန်မာလိုလည်းအရေးမကျွမ်းသလို အင်္ဂလိပ်လိုလည်း မတတ်ကျွမ်းပြန် ဆိုတော့ ဘာစာမှ မတတ်တော့တဲ့သဘောလား …
ရေးတာမို့ တော်သေးတာပေါ့ … တော်ကြာ စကားပြောတာပါ အဲလိုဆိုရင် မြန်မာလိုလဲ မပြောတတ်၊ အင်္ဂလိပ်လိုလဲ မပြောတတ်နဲ့ ဘာစကားမှ မပြောတတ်တော့ဘဲ ‘အ’ သွားအုန်းမယ် 😛

commentinfo By: harry at Jun 22, 2009
Comment #3

@ko nitebat hont လာပြန်ပြီ.. ပေါင်းဝူး အဲဒီကျုပ်နဲ့ သူ့ဆီကမကောင်းတာတွေကူးမှာကြောက်တယ်.. ခိခိ =P

@ko harry ဟီး.. အင်း အဲဒါကြောင့် ဒုတ်ခရောက်နေတာကြာပြီ.. မသိရင် အရဲသာမေး.. ဟမ်းလော့နဲ့ စကားပြော ဆက်ဆံရတာဘယ်လိုနေလဲလို့.. ဟိဟိ

commentinfo By: h3mlock at Jun 23, 2009
Comment #4

ဘာလဲ ဒုတ်ခဆိုတာ … geeez နောက်တခါ ဒုတ်ခလို့ ပေါင်းရင် တွေ့မယ်

commentinfo By: nightbird at Jun 23, 2009

Leave Comments

Name*

Email*
Website
Email me whenever there is new comment