Professional Authors

အသက်ရှုသံများရဲ့ ကောက်ကြောင်း (၈)

 

ဝုန်းခနဲ ပေါက်ကွဲသံနောက်မှာ

ဘ၀ဟာ ရှစ်စိတ်ကွဲကြေ…

ရေဒီယိုက အမင်္ဂလာသတင်းကိုကြေညာပြီ….

 

ဘုရားရေ…..

အမိုက်ကောင်တွေ…

အရိုင်းအစိုင်းတွေ….

 

ဒီလောက်ဆိုးရွားတဲ့ တစ်ရက်မှာမှ

ငါတို့…ဘာလို့အသက်ရှင်ခွင့်ရခဲံကြပါသလဲ…

အမေးဟာ အတွေးထဲမှာတင် အက်ကွဲ..။

 

တိုင်းတစ်ပါးသားတွေက

ငါတို့ အထွတ်အမြတ်ကို ဖျက်စီးကြ

ငါတို့ရဲ့ ဦးခေါင်းကို အစိတ်စိတ်အမွှာမွှာ ရိုက်ခွဲကြ….

ဘယ်ဘ၀က၀တ်နဲ့

ငါတို့ ကြည့်နေရသလဲ….။

 

မြန်မာဟာ ကျိန်စာအတိုက်ခံရတဲ့ နိုင်ငံတစ်ခုလား…

အို….ဗုဒ္ဒဘုရား..

ကျောခိုင်းထားတဲ့ ကမ္ဘာကြီးနဲ့

ဖျားနေတဲ့ ကောင်းမြတ်ခြင်းဟာ

ဘယ်တော့မှများ ကျွန်တော်တို့ကို ပြန်မြင်မှာတဲ့လဲ..

 

အဲဒီနေ့မှာ

ငါတို့အားလုံးရင်ထဲက ပန်းခင်းဟာ

ကင်ဆာရောဂါ နဲ့ သေဆုံးသွားတယ်..။။

 

တက်ခေတ်

In: ကဗျာ Posted By: Date: Oct 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment