Professional Authors

အသက်ရှုသံများရဲ့ ကောက်ကြောင်း (၇)

 

ဒဏ်ရာနဲ့ရင်းခဲ့တဲ့ သီချင်းတွေ..

ငါတို့ရင်ကနေ မြစ်များခံခဲ့

သူတစ်ပါး ငိုကြွေးစေဖို့

မြစ်လက်တက်တွေ လည်းမထားချင်ဘူး

 

ဟိုးတစ်ချိန်က

စိန်နဲ့ရွှေထွက်ရာမြေကြီးတွေ..

အခု ငါတို့ မျှော်လင့်ခြင်းတွေ မြုတ်နှံ သဂြိုလ်ရာ

 

ကမ္ဘာကြီးက ငါတို့ကို တိတ်တိတ်ကလေး စွန့်ပစ်ခဲ့ချိန်မှာ

ငါတို့က ရင်ကိုခွင်း

စာသားတွေ ထွင်းနေကြတုန်း…

လောကကို သရော်ဖို့

ဆို့နင့်အက်ကွဲနေတဲ့ ဂီတနဲ့လေ…။။။။

 

တက်ခေတ်

In: ကဗျာ Posted By: Date: Oct 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment