Professional Authors

အသက်ရှုသံများရဲ့ ကောက်ကြောင်း (၃)

 

သိုးတစ်ကောင်ရဲ့ ဖြူစင်မှု ခဏပေးပါ…

မြေခွေးတစ်ကောင်ရဲ့ စဉ်းလဲမှု ခဏပေးပါ….

 

ယုန်တစ်ကောင်ရဲ့ သိမ်ငယ်မှုခဏငှားပါ

ခြင်္သေ့တစ်ကောင်ရဲ့ ရဲရင့်မှုပါ ပါပါစေ

 

အပ်တစ်ချောင်းလောက်သေးငယ်ခွင့်ပြုပါ

ကျောက်ဆောင်လိုလည်း ကြီးမားရလို၏

အပ်တစ်ချောင်းနဲ့ချုပ်တဲ့ ၀င်္ကပါလို

ရှင်းရှင်းလေးနဲ့ ရှုပ်နေဆဲ..

ကဲ…

အခုက စပြီး ငါဟာ ကမ္ဘာကြီးဖြစ်သွားပြီ..ကွယ်

 

ခိုးယူထားတဲ့ အသက်ရှုသံတွေကို

လက်ထိုးအန်ထုတ်ခဲ့ဖို့ဘဲ ကျန်တယ်…။

ရှင်….သန်….ကြ…ပါ…စေ….သာ…..။။။။။။

 

တက်ခေတ်

In: ကဗျာ Posted By: Date: Oct 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment