Professional Authors

“……”


အို…မိန်းကလေးရယ်…
ုငြင်းဆန်မှုတွေများနေတော့…
ငါ့မှာလဲတောင်းဆိုဖို့ ကခက်သား….။

လူငယ်တစ်ယောက်ကိုပြုစားဖို့ 
အဘယ်နတ်ဘုရားထံ
ံနင့်လက်တွေဖြန့် ကာတောင်းခံခဲ့သလဲ….။(တာရာမင်းဝေ)

နာကျင်ပါတယ်ဆိုမှနင်လှည့်မကြည့်
ငါထင်ပါတယ်…နင့်မှာလေအချစ်မရှ
ခံစားချက်မရှိ…။

ငါဆိုတဲ့ကောင်ကဘာတန်ဖိုးမှမရှိ...
သုညလို့ မသတ်မှတ်ပါနဲ့ နော်
သုညဆိုတဲ့ကောင်ကအားလုံးရဲ့ အရှေ့ မှာရှိတာ
မင်းငါ့ကို သုည လို့ မသတ်မှတ်ပါနဲ့ ….။

မြေခွေးကိုကောက်ကျစ်တယ်လို့ 
ပြောခဲ့တဲ့သူတွေ…တကယ်တော့
သူတို့ ကိုယ်တိုင်ကိုကကောက်ကျစ်တာပါ
မြေခွေးကအသုံးချခံစကားလေးပါ….
မင်းအတွက်လည်းငါအသုံးချခံစကားလေးဖြစ်ပါရစေ…။

psycho ဖောက်တယ်ဆိုတာ
ခံစားချက်တွေရောက်လာလို့ ပါ…။
ငါ psycho ဖြစ်နေတယ်ဆိုတာလည်း
မသိမသာလေးနင်ဝင်မွှေသွားလို့ ပါ…။
နင့်ရဲ့ တုန့် ပြန်မှုတွေ
ငါမပိုင်ဆိုင်ပါရစေနဲ့ သား…။

In: ကဗျာ Posted By: Date: Oct 2, 2012
Comment #1

အဘယ်နတ်ဘုရားထံ
ံနင့်လက်တွေဖြန့် ကာတောင်းခံခဲ့သလဲ….။
နင့်ရဲ့ တုန့် ပြန်မှုတွေ
ငါမပိုင်ဆိုင်ပါ၇စေနဲ့ သား…..။
(အသုံးချခံအရုံးပေးပြိးမှမပိုင်ဆိုင်ပါ၇စေနဲ့ဆိုတော့ မိန်းကလေးမင်းကိုသနားမိတယ်…)

commentinfo By: fiveone.koko at Oct 3, 2012
Comment #2

ငါဆိုတဲ့ကောင်ကဘာတန်ဖိုးမှမရှိ…
သုညလို့ မသတ်မှတ်ပါနဲ့ နော်
သုညဆိုတဲ့ကောင်ကအားလုံးရဲ့ အရှေ့ မှာရှိတာ
မင်းငါ့ကို သုည လို့ မသတ်မှတ်ပါနဲ့ ….။

မြေခွေးကိုကောက်ကျစ်တယ်လို့ 
ပြောခဲ့တဲ့သူတွေ…တကယ်တော့
သူတို့ ကိုယ်တိုင်ကိုကကောက်ကျစ်တာပါ
မြေခွေးကအသုံးချခံစကားလေးပါ….။
မင်းအတွက်လည်းငါအသုံးချခံစကားလေးဖြစ်ပါရစေ…။

commentinfo By: MYM at Oct 3, 2012
Comment #3

ကျေးဇူးတင်ပါတယ် အားပေးတဲ့အတွက်
ဒါပေမဲ့ခင်ဗျာ fiveone.koko ကျွန်တော်ယောင်္ကျားလေးပါခင်ဗျာ..

commentinfo By: loafer at Oct 3, 2012
Comment #4

ကျွန်တော်ဆိုလိုတာကကဗျာထဲကမိန်းကလေးကိုပြောတာပါ…loafer

commentinfo By: fiveone.koko at Oct 3, 2012
Comment #5

Oh!bro ကျွန်တော်ကိုယ်တိုင်တောင်နားမလည်တော့ဘူး
ဒီကဗျာနဲ့ ပတ်သတ်ပြီးတော့ကျွန်တော့်အတွေးတွေနဲ့ ရေးတုန်းကမိန်းကလေးနေရာရေးထားတာမဟုတ်ပါဘူး
ကျွန်တော်ကိုယ်တိုင်ခံစားရတာတွေနဲ့ ပတ်သတ်ပြီးရေးထားတာပါ
ကျွန်တော်တို့ အားလုံးမှာကိုယ်ပိုင်ခံစားချက်တွေရှိနေပါတယ်….။

commentinfo By: loafer at Oct 3, 2012
Comment #6

မှန်ပါတယ်မိန်းကလေးဘတ်ကပြန်တွေးရင်ပြောတာ ပါ loafer
ကျွန်တ်ာကလည်းယောကျာ်းလေးပါ
ဒိကဗျာထဲကမိန်းကလေးက ကိုယ့်ကိုချစ်တဲ့ တန်ဖိုးထားတဲ့
မြတ်နိုးတဲ့သူကို မှ အထင်အမျိုးမျိုးနဲ့ တွေးတေားကာ ဖေးဘယ်ထားတာကို
ဆိုလိုတာပါ အဲတော့သူ့ ကိုအဲလိုမျိုးချစ်နိုင်မဲ့သူ တန်ဖိုးထားနိုင်မဲ့သူ
မြတ်နိုးနိုင်မဲ့သူတစ်ယောတ်ဆုံးရုံးလိုက်ရလို့  သနားမိတယ်လို့ ဆိုလိုတာပါ bro

commentinfo By: fiveone.koko at Oct 3, 2012
Comment #7

😛
😛
i don’t think so,,

commentinfo By: ei lay at Oct 3, 2012
Comment #8

ဟုတ်အစ်ကိုဆိုလိုတာကိုနားလည်ပါပြီ

commentinfo By: loafer at Oct 3, 2012
Comment #9

ဘယ်နေရာကကောင်းတယ်လိုပြောဖို့ထက် တစ်ပုဒ်လုံးကောင်းတယ်လို့ပြောမှပိုမှန်မယ်ဗျာ..

commentinfo By: သလင်း at Oct 3, 2012
Comment #10

ကျေးဇူးတင်ပါတယ်ခင်ဗျာ…

commentinfo By: loafer at Oct 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment