Professional Authors

မင်းနဲ့ အဝေး……

မင်းနဲ့အဝေး
ခဏလေးမှ မခွဲချင်ဘူး………
မင်းနဲ့ဝေးရာ
ခဏလေးမှာ မခွာချင်ဘူး……
ဒါပေမယ့်
… တို့နှစ်ယောက်ကြားမှာ တားဆီးထားတဲ့
အစိမ်းရောင်တံခါး ဖွင့်ဝင်သွားဖို့ဆိုတာ
ယုံကြည်မှုတစ်ခုလိုတယ်လေ
ငါ့အတွက် ယုံကြည်မှုက
မင်းပေးမှရမယ့် ဆု ပါ၊
… မင်းစိတ်ကောက်လို့ ဒို့အတိတ်တွေကို
မေ့ဖျောက်လို့ရမှာလား……..
ချစ်သူရယ်
ကံတရား ဘယ်လောက်ယိုင်ယိုင်
တို့လက်တွေ ခိုင်ရအောင်လေ။
ကံတရား ဘယ်လောက်ခွဲခွဲ
တို့လက်တွေမြဲရအောင်လေ….။
မမုန်းပါနဲ့ချစ်သူရယ်
ငါ့အိပ်မက်က မင်းအတွက်
ငါ့အနာဂတ်ကမင်းအတွက် ဖြစ်နေလို့ပါ
ဒါ့ကြောင့်တိုးတိုးလေးပဲပြောတော့မယ်…
မင်းကိုသိပ်ချစ်တယ်……..။ ။
                                     sky smith (အဆွေးသူ)

In: ကဗျာ Posted By: Date: Feb 11, 2012
Comment #1

wow,,,,,,,
toe toe lay pyaw like tar ei lay doe poems corner ka a kone lone ti twar p naw,,

commentinfo By: ei lay at Feb 11, 2012
Comment #2

🙂
sate kha na kha na ma kaout par ne naw

commentinfo By: ei lay at Mar 5, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment