Professional Authors

သူငယ်ချင်း

သူငယ်ချင်းချစ်သူ
ဟုတ်ပါတယ်…………ငါတို့ကသူငယ်ချင်းပါ..
ငါချစ်တာကိုနင်သိတယ်….
နင်ပြန်ချစ်တာကိုလည်းငါနားလည်တယ်….
မပြောခဲံ့တဲံ့ငါ..အဖြစ်မရှိဘူးလို့..မစွပ်စွဲပါနဲ့…
နင်အမြဲပြောတဲံ့…နင့်ရည်မှန်းချက်တွေ…..
ငါ့အတွက်ကြောင့်မပျက်စီးစေချင်ဘူး….
နင်ပေးတဲံ့အခွင့်ရေးတွေ…မြောင်းထဲလွှတ်ပစ်တာမဟုတ်ပါဘူး….
မယူရက်တာပါ……
နင်ပြောတဲံ့စကားတွေ….မကြားချင်ယောင်မဆောင်ပါဘူး….
နှလုံးသားနဲံ့နားထောင်နေတာပါ….
ငါတို့ရဲ့အမှတ်တရတွေ…မမေ့သေးပါဘူး…
ရင်ခွင်ထဲမှာသိမ်းထားတုန်းပဲကွယ်….
အခုချိန်ဆိုမိုးတွေရွာနေပြီနော်…
မိုးတွေနဲ့အတူငါ့မျက်ရည်တွေလည်းရွှဲစိုနေပြီပေါ့..
စိုနေတဲံ့ငါ့မျက်ရည်တွေ..နင်မမြင်အောင်ဝှက်ထားရင်း…
ငါငိုနေပါတယ်..နင်ပျော်နေလားဟင်..
သူငယ်ချင်းချစ်သူနင်ပျော်ပါစေ…
ငါငိုနေတယ်..နင်ပျော်ပါတော့…
ငါလွမ်းနေတယ်….နင်ပျော်ပါတော့…

In: ကဗျာ Posted By: Date: Jul 17, 2010
Comment #1

ဒီကဗျာကိုဖတ်တိုင်းသူငယ်ချင်းတစ်ယောက်ကိုသတိ၇တယ်။ခံစားချက်နဲ့တစ်ထေရာတည်းတိုက်ဆိုင်လိုက်တာ။ ကဗျာဆရာပဲသူကိုယ်တိုင်ဖြစ်နေမလား၊တစ်ခါတစ်ခါစဉ်းစားမိတယ်။

commentinfo By: hnin phwe lay at Sep 29, 2010
Comment #2

ဟုတ်ပါတယ် နင်နဲ့ငါက သူငယ်ချင်းပါ
နင်ချစ်တာ ငါသိသလို
ငါချစ်တာလဲ နင်သိပါတယ်

တခါတခါ မပြောဘဲထားလိုက်ရတဲ့ခံစားချက်တွေက ပြောလိုက်ရတဲ့စကားတွေထက် ပိုနက်နဲတတ်ပါတယ်…

commentinfo By: angel at Jan 31, 2011
Comment #3

ငါတို့ရဲ့အမှတ်တရတွေ…မမေ့သေးပါဘူး…
ရင်ခွင်ထဲမှာသိမ်းထားတုန်းပဲကွယ်….ဒီအပိုဒ်လေးသဘောကျတယ်

commentinfo By: moe zin at Feb 20, 2011
Comment #4

hint…
why did u deny?
it’s ur choice.
no reason has true love.

never forget.
noone is happy without love.

commentinfo By: ei lay at Jul 19, 2011
Comment #5

သူငယ်ချင်းတဲ့လား
ရင်နဲ့ရင်းထားကြတဲ့
ချစ်ခြင်းတွေ
ကိုယ်စီသိုဝှက်
ဖြူစင်တက်ခဲ့ကြပုံများ
သောကတွေတရုန်းရုန်းထလို့။

commentinfo By: mr.black at Nov 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment