Professional Authors

မွေးရာပါ နှလုံးသားမဲ့သူသို့ ..

ငါထွက်သွားရင်
မင်းပျော်မလား။

ငါကြောင့် မင်း
အနှောင့်အယှက်ဖြစ်နေရော့သလား။

မကြည့်ပါနဲ့ ငါ့ဘက်။
မင်းမကြည့်တတ်မှန်းသိရက်
ငါ့ကိုယ်ငါ ပြန်နှစ်သိမ့်လိုက်တာပါ။

မသနားပါနဲ့ ငါ့ဘက်။
မင်းမှာ သနားတတ်တဲ့နှလုံးသားမ၇ှိမှန်းသိရက်
ငါ့ကိုယ်ငါ အားပေးလိုက်တာပါ။

နင်မသိပါဘူး။
ငါဘယ်လောက်နာကျင်လဲဆိုတာ။
နင်ကတော့ ချစ်တတ်တဲ့အသည်းမှမရှိတာဘဲ။
ပြောလိုက်တာများ  ပြောခဲ့တာများ
ပြေးသွားသလိုဘဲ ဖြောင့်လို့။

မေ့လိုက်ပါတဲ့
ဟုတ်ပါတယ် အသုံးမကျတဲ့ငါကဘဲ
ငါ့မီးငါမွှေးခဲ့တာပါ။
အဖန်တလဲလဲ သေဖို့များ
ကျိန်စာနဲ့ ငါ့ကို ညွှန်းစေလေခဲ့သလား။

နွေခေါင်ခေါင်မှာ ကျမယ့်နှင်းကိုမှ
ငါက မျှော်နေမိ ~~
နေနဲ့အပြိုင်ထွန်းမယ့် လမင်းကိုမှ
ငါက မက်မောနေမိ ~~

မောပီလေ~~
နာကျင်ခဲ့ပီ~~
ငါလည်း လူသားတစ်ယောက်ဘဲလေ ~~
နင်ပြောခဲ့သလိုပေါ့
တစ်နေ့နေ့တော့ ငါ အဆင်ပြေနိုင်ကောင်းရဲ့ ~~
နင်ဖြစ်စေချင်သလိုပေါ့
တစ်နေ့နေ့တော့ နင့်ကိုမေ့နိုင်ကောင်းရဲ့ ~~
နင်မျှော်လင့်နေသလိုပေါ့
တစ်နေ့နေ့တော့ ငါလည်း
တပါးသူရင်မှာ ပျော်ရွှင်နိုင်ကောင်းပါရဲ့~~

စာတမ်းထိုးလိုက်ပါပီ
ThE EnD လို့ ……

In: ကဗျာ Posted By: Date: Sep 22, 2012
Comment #1

:'(
:'(
:'(

commentinfo By: ei lay at Sep 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment