Professional Authors

ဇာတ်သိမ်းခန်း

ဘ၀တစ်ခုလုံး ပုံပေးပီးသားဘဲ ..
အလွမ်းတွေ ခမ်းနားနေတာ ဆန်းလို့လားး

သေချာစဉ်းစားကြည့်ရင်
ခွဲခွာချိန်ဆိုတာ ငါတို့ချစ်ခြင်းရဲ့
အမြင့်ဆုံး ဇာတ်ကွက်တွေလေ ..

မဝေးကြရင် အကောင်းသားလို့
ငါ့ဘက်က ဆန္ဒရှိပေမယ့်
တစ်ယောက်ထဲ လုပ်ယူလို့မရတဲ့
ကိစ္စတွေအတွက်
ငါဘယ်လိုများ ပခုံးထမ်းရမလဲ .

ငါ့ရင်ထဲမှာ
နင့်ချစ်ခြင်းတွေကို ပိုင်ဆိုင်ထားဆဲလို့တော့
ယုံကြည်ပါရစေ ..

ဒီလိုနဲ့ဘဲ
ကောင်းကင်ကြီးတစ်ခုတည်းရဲ့အောက်မှာ
တစ်ယောက် တစ်နေရာစီနေကြရင်း
မတူညီတဲ့ စံတော်ချိန်တွေကိုဖြတ်သန်းရင်းး
ဟိုးအဝေးကနေ
နင့်အသက်ရှုသံကို လွမ်းနေတဲ့
ကောင်မလေးတစ်ယောက်
ဒီမိုးကုတ်စက်ဝိုင်းအောက်မှာ
ရှင်သန်နေတယ်ဆိုတာ
တခါတလေ နင်သတိရပေးပါ ..

In: ကဗျာ Posted By: Date: Sep 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment