Professional Authors

ဇာတ်သိမ်းခန်း


အပြင်ဘက်က အပူနဲ့
ရင်ထက်က အပူ
မထူးခြားတဲ့နေ့
နာကျည်းမှုတွေ တမြေ့မြေ့တောက်ပ

အတ္တနှစ်ခုရဲ့ ဇာတ်သိမ်းခန်းမှာ
အလွမ်းမပါ
အနမ်းမပါ
ကိုယ့်ဆူးကို ကိုယ့်ဘာသာမနှုတ်ပယ်ခြင်းက
ရင်ခုန်စရာတွေ လမ်းကျဉ်းခဲ့ကြပေါ့

ပြဒါးတစ်လမ်း သံတစ်လမ်း တီးခတ်မှုက
ဘယ်လိုမှ နားဝင်ပီယံ မဖြစ်မှတော့
တီးလုံးတွေချည်း တစ်ဖက်သတ်ထွက်နေတဲ့
အဲဒီကက်ဆက်
အိပ်မက်တွေ လေဖော့ပစ်ကြတာကောင်းတယ်။

ကွဲစမ်း(အတိတ်ကိုမေ့လျော့တတ်သည်အထိ)
အင်္ကျီရင်ဘတ်ကို ကြယ်သီးဖြုတ်
ပစ္စုပ္ပန်ထဲ ပစ်ချထားလိုက်တယ်။

အဲ့ဒီနေ့
နှစ်ယောက်သား မျက်လုံးမှောက်ရင်း
ကိုယ့်လမ်းကိုယ်ဖောက်ထွင်းဖို့ကတိပြုတဲ့နေ့

In: ကဗျာ Posted By: Date: Dec 26, 2012
Comment #1

Aww..
d lo myo g zat tane like kya tar lar?
Sorry to know par.

commentinfo By: ei lay at Dec 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment