Professional Authors

အခုချိန်ထိ သူ့ဆီမှာ ဘာပြစ်ချက်မှ ရှာလို့မရတာ ဆိုးလွန်း

 

လက်ခံနိုင်တဲ့ပမာဏထက်မကျော်လွန်ဘဲ အခွင့်အရေးရရင် ရသလိုကြီးကြီးမားမား မှားချင်နေတဲ့ဗီဇ ။

ကြည့်ပါလား . . . . . . အစကတည်းက ဒေါင်ကျကျပြားကျကျ ထောင့်မကျိုးဖြစ်နေတာ ။

သူ့ပုံစံကြည့်ရတာ တစ်ကိုယ်ကောင်းတောင် တစ်ယောက်တည်း ဆန်ချင်ပုံမရတော့ဘူး ။

ဘယ်သူခွဲခွာချင်မလဲကွာ ။

 

ချစ်သူရဲ့ဆံနွယ်တစ်ချောင်းစာ မိုးမမြင်လေမမြင် ။ အလင်းတစ်စက် . . . ။ အဲဒီတွယ်ငြိမှုက တစ်စဆွဲထုတ်

မိတာနဲ့ သံသရာမဆုံး ။ ဘယ်နှဘဝစာ ကြိုတင်ရှုံးစာရင်း ပေးလိုက်ရမလဲ ။ ဘီလူးဆိုင်းအောက် ရင်ခုန်သံ ။

စိတ်နာလွန်းလို့ “ကျွန်” နဲ့တူတာဆိုရင် ကြမ်းပေါက် “ကျွံ”တောင် မကြားချင်ဘူး ။ နွံထဲ ခြေဆုံးခေါင်းဆုံး ။

 

တွေး . . . . . . ။           အဲဒီလောက်ကြီး ရက်စက်နေတာ ပျင်းစရာမကောင်းဘူးလား (မသိဘူး) ။

ငေး . . . . . . . ။         ဓားနာတစ်လက်လို မည်းမည်းမြင်ရာ ထိုးစိုက်မိတော့မယ် ။

ဆွေး . . . . . . ။          ထွက်ပြေးလည်း မလွတ်နိုင် ။

 

စိတ်ဘေးသင့်ပြည်သူတစ်ယောက် ။ ခြစ်ဖို့ပြင်ရုံနဲ့ ထတောက်ပေးရ ။ ပြင်းလွန်းတော့ အခါးသက်သက်

မြိုမချနိုင် ။ ဘာကြောင့်ေ –ာက်စကား များနေတာလဲ ။ ဒါ ကလေးကစားစရာမဟုတ် ။ လောကဓံစားဖို့

လူကြီးတစ်ယောက် ကဗျာချက်နေတာ ။

 

ရိုးသားကြောင်အ . . . ။ ရယ်စရာရှိရင် အော်ရယ် ။ မကျေနပ်တာရှိရင် ကတ်ကတ်လန် ရန်တွေ့ ။ အသက်ကို

မှန်မှန်ရှု ၊ စိတ်ကိုအေးအေးထား ။ သူ့လက်ကို ကျွန်တော် မကိုင်ရဲဘူး ။ သူ့ပါးကို ကျွန်တော် မနမ်းရဲဘူး ။

တစ်ယောက်တည်း ညလုံးပေါက် စကားထိုင်ပြောနေမိတယ် ။

 

 

                                                                                                            ကိုသျှား

In: ကဗျာ Posted By: Date: Sep 14, 2012
Comment #1

😛
😛
😛

commentinfo By: ei lay at Sep 14, 2012
Comment #2

တစ်ကိုယ်ကောင်းတောင် တစ်ယောက်တည်း ဆန်ချင်ပုံမရတော့ဘူး……
ကိုသျှား…ဈင်မင်းဧ (zinminnaye) မင်းတို့ဆီ ရောက်လာပြီ

commentinfo By: zinminnaye at Sep 14, 2012
Comment #3

ကျွန်တော်တို့ရဲ့ကဗျာဆိုဒ်ကိုရောက်လာတာလား
ရန်ကုန်ကို ရောက်လာတာလားလည်း ပြောဦးကိုဈင်မင်းအေး
အကို ကဗျာတွေ ရေးဖြစ်သေးလား
အခု ချောင်းဦးမှာလား၊မုံရွာမှာလား
ကျွန်တော်ကတော့ အခုတလော အရမ်းကို အလုပ်များနေတယ်
ကဗျာတောင် ကောင်းကောင်းမရေးနိုင်ဘူးဗျာ

ချစ်ခင်လျှက် . . .
ကိုသျှား

commentinfo By: ကိုသျှား at Sep 15, 2012
Comment #4

ကဗျာဆိုဒ်ကိုပြောတာ ။ဖတ်ကြည့်ပါအုံး ။အခု မုံရွာမှာ။

commentinfo By: zinminnaye at Sep 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment