Professional Authors

တိတ်တဆိတ်နေသင့်တဲ့ ရင်ခွင်တစ်စုံ

ထွက်မသွားပါနဲ့လို့ ပြောခွင့်မရှိသူ
ထားမသွားပါနဲ့လို့လဲ တားမရပြန်ဘူး .. ။
နင့်အရိပ်ဆိုတာကမှ နေရောင်လားရာအတိုင်း
အပြောင်းအလဲရှိဦးမယ်။
ငါကနင့်အတွက် အသင်္ချေအထိ ရည်ရွယ်ပြီးသားလေ။
မသိလိုက်မသိဘာသာပဲ မျက်နှာလွှဲသွားလိုက်ပါဟာ ..
အညတရတစ်ယောက်မှာလဲ
လေထဲတိုက်ဆောက်ခွင့်ရှိတာပဲ .. ။
နင့်အတွက်တော့ ပေါပေါပဲပဲစကားတွေပါ
ငါ့ကျမှ နေမြင့်လေ အလွမ်းရင့်လေနဲ့
မပြောဖြစ်လိုက်တဲ့ စကားကမှ
ရင်ထဲ .. မှတ်မှတ်ရရ ရှိနေဦးမယ် ..။
မျှော်လင့်ခြင်းဆိုတာ
ငါ တိတ်တဆိတ်နေသင့်တဲ့ ရင်ခွင်တစ်စုံလေ .. ။
အိပ်မက်တွေခါးသီး ..
ခါးစည်းခံရင်းနဲ့ ဆက်လွမ်း ..
နင့်အတွက်ဆိုတော့လဲ
ပန်းတော့မပန်းဘူးပေါ့။

မိုးအိပ်မက်

In: ကဗျာ Posted By: Date: Sep 13, 2012
Comment #1

😛
u r what u did.
fighting

commentinfo By: ei lay at Sep 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment