Professional Authors

ဝဋ်

နင့်အနားနောက်တခေါက်ဆို ငါပြန်ရောက်ရှိခွင့်ရလာတဲ့ တနေ့ဟာသိပ်ကိုနောက်ကျလွန်းနေခဲ့ နင်ပြောတဲ့
နင့်စိမ်ကားသူကြီးအကြောင်း ငါ့အပေါ်မထားခဲ့ဖူးတဲ့ ယုယခြင်းတွေနဲ့ နင်ဟာ သူ့အပေါ်ချစ်မြတ်နိုးခဲ့ ဒီအကြောင်းတွေ
နင် နှုတ်ဖျားက ငါ့ရှေ့မှောက် ထွက်ကျလာခဲ့…ငါဘယ်လို အားအင်တွေနဲ့ နင့်ကိုဖြေသိမ့်ပေးနိုင်မှာလည်း
ငါ့ရင်ကို ငါပြန်ငုံ့ကြည့် …နင်ရှိနေသေးတဲ့ပစ္စုပ္ပန်မှာ ..လှံရာတွေ ဗရပွနဲ့ ဒါလည်း နင့်ပေးတဲ့ငါ့အတွက်ကျိန်စာအသစ်တခုပါပဲ

စံပါယ်ပွင့်လေးကြောင့်ပါတဲ့
မောင့်ဆံနွယ်တွေ ညှပ်ပြစ်ခဲ့တာ
မောင်ချစ်ခဲ့တဲ့ သူနေရာမှာ ကျွန်မ ဘယ်တုန်းကမှ မရှိခဲ့ဘူးတဲ့
ဝန်ခံစကားတွေ ပြန်မကြားပါရစေနဲ့
အရာအားလုံးအတွက် ခွင့်လွှတ်ပါတယ်
မောင့် ၀ဋ်လည်ခြင်းတွေ ကြေပါစေတော့ကွယ်
××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
တစက်ပြီးတစက် ခြွေချပစ်လိုက်တဲ့ နင့်မျက်ဝန်းက အရည်ကြည်နွေးတွေ အဲဒါ ငါ့သွေးတွေပါလို့  မပြောထွက်ခင်လေးတင်
မှာပဲ ငါ့အသည်းတွေလည်း တစစီကွဲ သူမ ဟာ နင့်ကို ငါ့နီးပါးလောက်တော့ ချစ်ခဲ့သင့်ကောင်းပါရဲ့ ငါသိပ်ချစ်ဖူးတဲ့ နင့်မျက်
နှာလေးမှာ ပေကျံနေတဲ့ အပူငွေ့တွေအတွက် ငါ့လက်ဖ၀ါးတွေဟာလည်း အသုံးမ၀င်ခဲ့ပြန်ဘူးကွယ် ဘာ့ကြောင့် ငါဟာ
နင့်အတွက် မဖြစ်ခဲ့ရသလဲ ??? ငါမမေး မမေးရက်တော့ပါဘူး နင်ရယ် နောက်ဆို ငါ့ကို ငိုငိုမပြပါနဲ့

စံပါယ်ပွင့်လေးဟာ
မောင့်ကိုမချစ်ခဲ့ပါဘူးကွယ့်
အသစ်တို့ရဲ့ သဘောသဘာဝ
အပျော်ဆော့ကစားခဲ့တာကိုလည်း
မောင်သိနေရက်နဲ့
မရုန်းနိုင်မလွတ်နိုင်
အဲဒီစွန်ဘ၀ ကိုပဲ ပျော်ပိုက်နေခဲ့
ဘယ်လို စကားလုံးတွေနဲ့မှ မောင့်ကိုကျွန်မ နားမချရက်ခဲ့ပါဘူး
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
သူမရဲ့အရုပ်တွေထဲမှာ နင်လည်းပါဝင်နေခဲ့ ဆော့ကစားမကောင်းလို့ ချောင်ထဲထိုးထားခဲ့ အဲဒီအမှောင်ထဲမှာတောင်
သူမလက်မှ ကမ်းလင့်မျှော်နေတဲ့ နင့်မျက်ဝန်းတွေက ငါ့အတွက်တော့ သိပ်လှတဲ့ ဓားတလက် သံလွင်ခက်တွေနဲ့အတူ
ဦးညွှတ်ပါရစေလား ငါ့လိုနင့်ကို ချစ်တဲ့ သူမရှိပါဘူး ဘယ်တော့မှ မချဉ်တဲ့ စပျစ်သီးဟာ နင်ပါပဲ နင်မလာရဲတဲ့လမ်းမှာ ငါရှိ
နေခြင်းကိုက သူမရဲ့အောင်နိုင်ခြင်းအလံ ငါ့ကို ချစ်ဖို့  ဘယ်လို အကျိုးအကြေ တွေနဲ့ မှ မကြံစည်ခဲ့ဖူးတာအမှန်မို့ 
သူမ ဟာ နင့်ကို ပြန်ချစ်ပါ့စေလား အခါခါ အထပ်ထပ် ဆုတောင်းရင်း ဒီဘ၀မှာ စိတ်ဓာတ်အသေနဲ့ ငါ လူလုပ်ရှင်ပါ့မယ်
နင် ပျော် နေ ပေးပါ လား ကွယ်

စံပါယ်ပွင့်လေးမှာ
ချစ်သူရှိတယ်
မောင်ကတော့
အမည်ခံသက်သက်ပဲပေါ့
ဘာ့ကြောင့်များ သိသိလျက်နဲ့
အနားမှာ ခစားနေခဲ့သလဲ
ခုတော့လည်း
မောင်ဟာ
ဒုတိယ ကျွန်မ ဖြစ်နေခဲ့
ဘယ်လိုကုထုံးနဲ့မှ အရစ်မပြုန်းနိုင်တဲ့
ကြိုးဟာ အချစ်ပါပဲမို့ 
ကျွန်မ ဟာ ကျွန်မ ဒုတိယ ကိုပြန်ငေးကြည့်နေခဲ့ရင်း
တချိန်တုန်းက
အပြစ်မဲ့သော မျက်ရည်များစွာ ပြန်လည်တွေ့ရှိ
စိတ်ရော ကိုယ်ပါ
နှစ်သက်စွာ ဆုတောင်းပေးလိုက်ပါရဲ့
ဒုတိယကျွန်မ ဖြစ်နေသောမောင်
လိုအင်ဆန္ဒများ ပြီးပြည့်စုံကြွယ်ဝလို့ 
သူ့အနား ထာဝရမြဲမြံနိုင်ခွင့်ရှိနေပါစေတော့
အလဲအထပ် အဖြစ် ကျွန်မ မောင့်ကို ဘယ်ဘ၀မှာမှ မဆုံစည်းချင်တော့။
××××××××××××××××××××××××××××××××××××××××××××××××××××××××××××
နင့်နေအောင် နာလွန်းနေတဲ့ ငါ့အသည်းမှာ နင့်အတွက် ဆိုတဲ့ ကဗျာများစွာကလွဲကျန်တာအားလုံး အသက်မဲ့နေခဲ့
နင် မချစ်ခဲ့ဖူးတဲ့ ငါ့ကို စာနာစိတ် နည်းနည်းမျှတောင်မထားပဲ လှည့်ကြည့်ခြင်း အပြု မမူလှည့် ပါနဲ့တော့
ငါဟာ ဒီတသက်နင်ဘယ်သောအခါမှ မမြတ်နိုးနိုင်မယ့်သူမို့  မျက်ရည်ခြွေ စံပါယ်ပွင့်ကို လေလွင့်သူငါ့အနေနဲ့
(နင်တယောက်လုံးဆုံးရှုံးပြီးမှ ) ၀ဋ်ဆိုတဲ့ စကား မခြွေပါရစေနဲ့လားနင်ရယ် …
ကျေးဇူးပြုပြီး ငါ့ရှေ့မှာ နင် ဘယ်တော့မှ ထပ် မငိုပါနဲ့ ငါ့ရင်တွေကွဲကြေနင့်လွန်းတာမို့ 
နင့်ကို ငါဘယ်ဘ၀မှာမှ မသိချင်တော့ဘူး ကွယ်

In: ကဗျာ Posted By: Date: Sep 12, 2012
Comment #1

really like~~~

commentinfo By: loafer at Sep 12, 2012
Comment #2

:'(
:'(
:'(
really really feel sorry.
really really feel upset

i m also ill-treated to somebody,
coz i don’t want to lie & cheat to others.
so ,,i treat openly & simpley

i always feel unhappy,unsatisfied,unpleasant,unfair for some mistakes,

commentinfo By: ei lay at Sep 12, 2012
Comment #3

Thz so much,,ma Moe

Ur story shows me the way I can’t see.

I really don’t know that he has gf.
I really don’t know what my position is.
I really feel upset & shy

Why do I only know & believe how much I love for many years.

commentinfo By: ei lay at Sep 13, 2012
Comment #4

အိုးးးးးးးးးးးးးးး..အမိုက်စားပဲ အမ

commentinfo By: poem.poem28 at Sep 13, 2012
Comment #5

အရာအားလုံးအတွက် ခွင့်လွှတ်ပါတယ်
မောင့် ၀ဋ်လည်ခြင်းတွေ ကြေပါစေတော့ကွယ်
အဲလို ပြောလိုက်ချင်တယ်…..မိုးရယ်…..အားပေးသွားပါတယ်…..။

commentinfo By: ကေသရီ at Oct 18, 2012
Comment #6

ကျွန်တော့်ကဗျာလေးကို အချိန်ပေးပြီး ခံစားဖတ်သွားပေးတဲ့မောင်နှမများအားလုံးကိုအထူးကျေးဇူးတင်လေးစားလျှက်ပါခင်ဗျာ

commentinfo By: အသဲကွဲ မိုး at Jan 16, 2013
Comment #7

တကရ် အရမ်းကြိုက်မိပါတရ်ဗျာ…

commentinfo By: မာန်ခက်ဝင့် at Jan 16, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment