Professional Authors

ခင်မင်မှူစည်းရိုးတစ်လျှောက် အနုမြူနှင်းတွေဝေလို့ 

#ဘယ်လိုပဲတွေးတွေး မဖြစ်နိုင်ဘူးထင်ခဲ့။ဘ၀မှာစိတ်လေနေတဲ့ အချိန်.။ အသက်က ငယ်ငယ် ..။ မေးဖို့ တော့လွန်။
သွေးမတော်သားမစပ် ။တစ်နယ်စီနေ တစ်မြေစီခြားနေတာတောင် ရေစက်ရှိလို့ ခင်မင်မှူတစ်ခုရခဲ့တယ်.။

ကျေးဇူးအသာပ
စေတနာတောင်ယိုဖိမ့်စိမ့်
ဖော်ရှိလူကောင်းသား

#တစ်ယောက်နဲ့ တစ်ယောက် ၀ါစဉ်မတူ မူကွဲအဝေးနယ်ပေမယ့်… ရင်ထဲကခိုင်ကျဉ်အောင်ကို သံယောဇဉ်ဖြစ်ခဲ့
တာလေ.. အရာရာကို ခက်ခက်ခဲခဲ ရယူခဲ့လေ့ရှိတဲ့ လူဆိုတော့ မောက်မာရိုင်းပြ မိခဲ့ … အရှင့်သား တပည့်တော်..
ကျွန်တော်မျိုး ဘယ်အောက်မှမရောက်ခဲ့ဘူးလေ.

သုံးဆယ့်တစ်ဘုံပ
မြင်တွင်းစီးဆင်းပေမယ့်အို
ရေမဟုတ်တဲ့ ပ

#ရတက်မအေး စိတ်မလုံ ကြောက်လန့် စိုးစဉ်းမရှိ.. ပညာရဲရင့် ပွဲလယ်တင့် မတွေးတောမိခဲ့ ကိုယ့်ကြီးထွားမှူ
ကသူများစီက လုယူသလိုဖြစ်ခဲ့တယ်လေ .. ကိုယ့်ခံစားချက်နဲ့ အတ္တကို ပျော်ပျော်ကြီးဆုပ်ကိုင်လို့ ငါဂူးအောင်း
လူသားလေ..သိနားလည်ကာ ဘယ်သို့ သည်းခံ ခဲ့သလဲ တွေးမိရင် ကျတ်သိန်းထပြီး ကင်ဆာဖြစ်လိုက်ချင်ရဲ့ 

မိုးတွင်းသစ်ပင်ကဲ့ 
ပျော်ပေမယ့်ရှူမရခဲ့
ဝမ်းနည်းလိုက်တာပ

#တစ်ခါပစ်ခံရတဲ့ ခဲထက် အခါခါခံခဲ့ရတဲ့ အနာအဆာတွေကို ကြွေအိုးလန့် မိမှာပေါ့… စနက်တံတစ်ခုဆိုတိုင်း အဆုံးမှာ ပေါက်ကွဲတတ်တာမှမဟုတ်တာ .. အမှားဆိုတိုင်းရည်ရွယ်ပြီးမကျူးလွန်ခဲ့ဘူးလေ..
တောင်းပန်ပါတယ်အန်တီ

လူကြီးနှင့်လူငယ်
သုတေသစမ်းမှရမယ်
အထင်မစုံမှား .

သံယောဇဉ်မင်း
သံယောဇဉ်နန်းတော်

In: ကဗျာ Posted By: Date: May 31, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment