Professional Authors

The Last Request

တခြားသူကို ရင်ခွင်ထဲထည့်…..
သူ့အတွက် သူ့အတွက်နဲ့
နင် ပေးဆပ်နေတဲ့အခါတိုင်း…..
ငါ….နှလုံးသားတို့ ကြွေကျမတတ် နာကျင်ခံစားခဲ့ရတယ်….
ချစ်သူရယ်
ရက်စက်တယ်ဆိုတဲ့ နေရာမှာလည်း….
Request တစ်ခုလောက်တော့ ထားသင့်ပါတယ်….။

ခွင့်လွှတ်ပါ ဆိုတဲ့ တိုးလျှိုးသံလေးတစ်ခုနဲ့
နင်…အမှားတို့များစွာ ၀န်ခံခဲ့ပေမယ့်
တခါတလေတော့လည်း
မုသားဆန်ဆန်နဲ့သာ ဆက်လက်လိမ်ထားလိုက်စေချင်ပါတယ်
(နင့်ရဲ့ အပြစ်အနာအဆာတွေအားလုံးကို
ငါ…..မသိကျိုးကျွံပြုခဲ့ရတာ….ကျင့်သားရနေပြီမို့လို့ပါ…။)

“လမ်းခွဲမယ်” ဆိုတာ စကားသုံးခွန်းတည်းပေမယ့််
နင့်နှုတ်က ပြောထွက်ရက်တဲ့အခါ
ငါ့ဘ၀ ငါ့စိတ်ဓါတ်……အကုန်လုံးကို ချိုးဖျက်ဖို့ အင်အားတွေကြီးမားလွန်းနေတယ်…။

မျှော်လင့်ချက်တွေကို မရိုက်ချခဲ့ပါနဲ့လားဟာ…
ငါ တည်ဆောက်ထားသမျှ အရာရာ
မှုန်မှုန်မွှားမွှားလေးတွေထဲမှာ
နင်နဲ့ ဆက်နွယ်နေခဲ့လို့ပါ…။

“ချစ်တယ်” လို့သာ နင်ပြောနေမယ်ဆိုရင်
ဝမ်းနည်းစေမယ့်နောက်ဆက်တွဲစကား….”ဒါပေမယ့်”… တွေအားလုံး
ငါက ကြည်ဖြူနေကျမို့
ဘယ်သူ့လက်ကိုပဲ နင်က တွဲထားပါစေ…
ငါ့ကို ချစ်တယ်လို့သာ
ဆက်လက်လှည့်စားလိုက်ပါကွယ်…
နင့်ရဲ့ ဒီအပြုအမူလေးက
ငါ့ဘ၀ …….ငါ့ရှင်သန်မှုတွေအတွက်…..များစွာလုံလောက်ပါတယ်….။

In: ကဗျာ Posted By: Date: Sep 2, 2012
Comment #1

really really touchinggggg
:'(
:'(

commentinfo By: ei lay at Sep 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment