Professional Authors

မဟူရာရောင်သ၀ဏ်လွှာ

 အရာရာကိုမေ့ပြီ။
-ROCKER တစ်ဗူးရဲ့အရသာနဲ့
 သီချင်းစာသားတစ်ကြောင်းက
 ငါ့အိပ်မက် အစိမ်းရောင်ကို
 ပွက်ပွက်ဆူအောင် ကျိုတယ်။  ။
-မလိမ္မာတဲ့ကျောင်းမှာ
 သာသာယာယာပွင့်တဲ့ပန်းက
 ငါ့ကမ္ဘာအလင်းတန်းကို
 အမှောင်နဲ့ခွင်းတယ်။  ။
-ငါ့မှာကင်းတာအမှောင်
 ငါတပ်မက်တာအမှောင်
 မရေရာတဲ့ဘ၀ကို
 ကြိုးတုပ်တဲ့ ကြမ္မာကို
 နှလုံးသားနဲ့ စပေါ်တင်တယ်
-မတန်မရာကိုဆေးဆိုးတာငါ
 ကံကိုအပြစ်မပြောဘူး
 ဆူးချုံတော့တိုးပါရစေ
 အလွမ်းတွေဝယ်သောက်ဖို့
 ငါလိုလူ
 အချစ်တွေစတေးသူ
 အရောင်ဖြူဖြူရနံ့နဲ့
 ဘ၀လှလှကို ရှိုက်ချင်တယ်။  ။
-ရေနစ်သူရဲ့ကောက်ရိုး
 ငါနဲ့ငါ့ကြမ္မာဆိုး
 ငါကြုံတိုင်း အပြုံးတွေရူးသွပ်လို့
 ဒီတစ်ကြိမ် ဗီလိန်
 ငါမဟုတ်ပါစေနဲ့။  ။
                       နွေလေရူး

In: ကဗျာ Posted By: Date: Aug 29, 2012
Comment #1

-ရေနစ်သူရဲ့ကောက်ရိုး
ငါနဲ့ငါ့ကြမ္မာဆိုး
ငါကြုံတိုင်း အပြုံးတွေရူးသွပ်လို့
ဒီတစ်ကြိမ် ဗီလိန်
ငါမဟုတ်ပါစေနဲ့။ ။

commentinfo By: အသဲကွဲမိုး at Aug 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment