Professional Authors

ပန်းတစ်ပွင့်ရဲ့ဒိုင်ယာရီ(သို့)ကြွေဇာတာ

ပင်ယံဖျားမှာနေရပေမယ့်

သဇင်လိုလဲ တော်မဝင်ခဲ့

ပိတောက်တွေလို တစ်နှစ်တစ်ခါ

ပွင့်စေနိုင်ဖို့မာန ငါ့မှာမရှိ

ဒါပေမယ့်လည်းကွယ်

ပန်သူမဲ့ဘဝရောက်မှာဆိုးလှတယ်

ဒီလိုစိတ်ကူး ကျေးဇူးမမျှော်ပဲ

မျက်နှာငယ်ငယ်နဲ့ငါ

စံပယ်တွေနှင်းဆီတွေကြား

ကြွေဆင်းပေးခဲ့တယ်

ဒီတော့မှ လူတကာဆိုတယ်

ခရေရယ် မင်းမွှေးလိုက်တာတဲ့

In: ကဗျာ Posted By: Date: Aug 28, 2012
Comment #1

😛

commentinfo By: ei lay at Aug 28, 2012
Comment #2

Like!!

commentinfo By: zawthetoo at Aug 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment