Professional Authors

ပုစ္ဆာ

ဆံပင်အနက်စစ်စစ်..
ကျစ်ဆံမြီးကျစ်ရုံနဲ့..
ကိုယ်ကျင့်တရားက ခိုင်မာပါပြီလား..

သစ္စာတရားကိုတော့
အနည်မကျခင်
ကောက်ချက်ချ မစောစေချင်ဘူး..

သကာအုပ်ထားမှန်းသိသိနဲ့လေ..
အဆိပ်ခါးခါးတွေမျိုချနေတာ..
သိပ် အ တယ်လို့များ ထင်ခဲ့တာလား..

ရှိ စေ တော့ . . .
ဝတ္ထုဆန်ဆန်..
ပျော်ရွှင်ပါစေ ဆုတောင်းနေခဲ့မဲ့သူတော့ မဟုတ်ဘူး..
ရောက်တဲ့လမ်းကို ဆက်လျှောက်..
တနေ့မှာတော့..
မေ့လောက်မှာပါ..

In: ကဗျာ Posted By: Date: Aug 26, 2012
Comment #1

သကာအုပ်ထားမှန်းသိသိနဲ့လေ..
အဆိပ်ခါးခါးတွေမျိုချနေတာ..
သိပ် အ တယ်လို့များ ထင်ခဲ့တာလား..
ရှိ စေ တော့ . . .

♫ ♪ စိတ်နာလို့ကောင်းတုန်းပဲလားကွယ်….♫ ♪

commentinfo By: moezat at Aug 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment