Professional Authors

အသည်းကွဲတယ်ဆိုတာ

နင်သိလား ငါ့ရဲ့ ညာဘက်လက်မောင်းမှာ လိပ်ပြာတစ်ကောင်လာနားတုန်းက ငါနင့်မျက်နှာကို မြင်ပြီး မောင်းထုတ်ခဲ့တာကို
နင်သိလား ငါဘ၀ရဲ့ အိမ်မက်တွေနဲ့ အသက်ရှင်သန်မှုက မင်းပဲဆိုတာ
နင်သိလား ငါက ငါနဲ့မတန်ဘူးထင်တဲ့အရာကို မမျှော်လင့်ခဲ့တာ
နင်သိလား အရာရာ ဖြူစင်တဲ့ နင့်ကို ငါရဲ့ ညစ်နွမ်းနေတဲ့ ရင်ဘက်ကြီးနဲ့ ဘယ်လိုမှမကြို ချင်တာ
နင်သိလား ငါတစ်ရောက်ထဲ ညဘက်တွေရောက်တိုင်း ကြေကွဲနေရတာ
နင်သိလား ငါနင့်ကိုဘယ်လိုမှမေ့လို့မရတော့ဘူး ငါနင့်ကို အရမ်းချစ်တယ်
နင်သိလား  နင်တစ်ယောက်ထဲခံစားနေရတယ်မထင်ပါနဲ့ ငါလည်းနင့်လို့ပဲ နင်ဟိုမှာငိုနေရင် ငါဒီဘက်မှာ
                ရင်ဘတ်တစ်ခုလုံးစို့နင့်နေတယ်
နင်သိလား မိုးရွှာထဲမှာလမ်းလျှောက်တာကို ကြိုက်တဲ့ငါက အခုမလျှောက်တော့ဘူး
နင်သိလား လိုင်းပေါ်ရောက်တိုင်း နင့်အကောင့်ကို မြင်သာမြင်မကြင်ရဘဝနဲ့ မျှော်ကြည့်နေတာ
နင်သိလား ငါ့ကြောင့်နဲ့တော့ နင့်ကို စိတ်မလေစေချင်ဘူး ငါကြောင့်နဲ့တော့ နင့်ဝမ်းနည်းမှာကို ငါမကြည့်ရက်ဘူး
နင်သိလား ငါ့ရေးတဲ့ကဗျာတိုင်းက မင်းကိုပဲဦးတည်နေတယ်ဆိုတာ နင်သိလား ငါသောက်တဲ့ဆေးလိပ်တွေက မင်းအကြောင်းကို ဖျောက်ဖျက်ပေးမယ့် မှတ်ဥာဏ်အပိုင်းအစလေးတွေဆိုတာ နင်သိလား
အချိန်က ကုစားသွားရင်ကောင်းမယ် အချိန်ကမကုစားခင်အထိတော့ နင်တောင့်ခံနိင်အောင်ကြိုးစားပါချစ်သူ
ငါကတော့ အိမ်မက်တွေဆက်မက်ရင်း တစ်နေ့ဆိုတဲ့ စကားလုံးကို ဘောင်ကွပ်ထားဦးမှာပါ ..
ငါရဲ့အိမ်မက်တွေနေကွယ်သွားရင်တောင် နင့်ရဲ့အိမ်မက်တွေတော့ လင်းနေစေရမယ်လို့ ငါအာမခံတယ်….
ဝူး…………
အိမ်မက်တွေက စိတ္တဇဆန်လိုက်တာကွာ 
နာရီလက်တံနဲ့ ငါ့ဘဝက အပြိုင်ခုတ်မောင်းနေရပါလား 
ငါ့ရင်ဘတ်တွေကို ရထားလမ်းပေါ်ခင်းပေးခဲ့မယ်
ငါ့စကားတွေကို ဟာသလုပ်ပစ်လိုက်ပါ….     ငါကျေနပ်တယ်  ။
မျက်လုံးတွေက ပြာလဲ့နေလိုက်တာ
ဆေးလိပ်တစ်လိပ်နဲ့ငါ့ဘဝက အသက်ဆက်နေပါလား
ငါ့အိမ်မက်ကို ကြမ်းပေါ်တင်ပေးထားပါတယ်
ငါ့မျက်လုံးကို ဖောက်ထုတ်ပစ်လိုက်ပါ….      ငါကျေနပ်တယ် ။
ငါ့အတွေးတွေ ဟင်းလင်းဖြစ်နေတယ်
လူလေးယောက်နဲ့ ငါ့စခန်းသွားနေရပါလား
ငါ့အလောင်းကို ကြမ်းပေါ်ပစ်ချထားခဲ့တယ်
ငါ့အလောင်းကို မြေမြှပ်ပေးလိုက်ပါ …..        ငါကျေနပ်တယ် ။

In: ကဗျာ Posted By: Date: Nov 30, 2012
Comment #1

Oh,,,,,oh
A yann chit kya de chit Thu tway pe naw.
A yann r kya mi par de.
A yann myat hnoe kya de Chit Thu tway so dot sate chin sat nay Dar pop.
1 yout khan sarr nay ya yin Nout 1 yout ko par hti de.

commentinfo By: ei lay at Nov 30, 2012
Comment #2

No reasons for true love.
No need to separate high or low standard.
Love is pure.
Love is white.
Don’t feel depress.
Fighting

commentinfo By: ei lay at Nov 30, 2012
Comment #3

အချစ်စစ်ရင် သူသိနေပါလိမ့်မယ် အားမငယ်ပါနှင့် ပြီးတော့ဆေးလိပ်အရမ်းမသောက်ပါနှင့်

commentinfo By: မေပျို at Nov 30, 2012
Comment #4

A te Kwe loh hote par bu.
Kha na lae way nay tar par naw.

commentinfo By: ei lay at Dec 2, 2012
Comment #5

hote kae.. arr pay tar nae tin kyay zuu tin par tl …. … ..

commentinfo By: khitthit at Dec 6, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment