Professional Authors

သူနဲ့ကျွန်တော်

သူနဲ့ကျွန်တော်

*မျက်နှာမူရာ ဘယ်ဖက်ကိုပဲ လှည့်လှည့်
ချစ်သူရဲ့ ကိုယ်သင်းနံ့ကို မရတာ ကြာပြီ……..။

ချစ်သူ နှုတ်ဆက်သွားတဲ့ အဲဒီညက
ကျွန်တော် မျက်ဝန်းမှာ စံပယ်တွေ တလက်လက်ထလို့။

*မိနစ်တွေရဲ့ စက္ကန့်တိုင်းမှာ
အရိပ်လို မခွဲမခွာ ထာဝရအတူနေလိုသူကိုမှ
ကတိ၊ သစ္စာ၊ မှာတမ်းစကားတွေ အထပ်ထပ်ခြွေရင်း
လက်မပြပဲ ခွဲခွာထွက်ခွာသွားခဲ့သော
ကျွန်တော့် ချစ်သူ………။

*“နောင်တစ်ချိန်မှာ အတူရှိနေနိုင်ဖို့
တို့တွေ ခဏခွဲကြဦးစို့နော်“
ထိုစကားစုကို
တိရစ္ဆာန်ဥယျာဉ်မှာနှစ်ယောက်သားကြည်နူးရင်း
တစ်ခြမ်းမြင့် အပြုံးနဲ့ ရေရွတ်တက်လာခဲ့သော
ကျွန်တော်…………။

*လုပ်ငန်းခွင်ရဲ့ တာဝန်နဲ့ ၀တ္တရားကို
မလစ်ဟင်းပဲ တိကျစွာကျေပွန်တက်ပေမယ့်
ချစ်သူထံအား တစ်လတစ်စောင်သော်မျှ
တစ်ရက်တစ်ခါ ဖုန်းခေါ်ဖို့အား
သတိမေ့ ပျက်ကွက်တက်သော
ကျွန်တော်………….။

*ဒိုင်ယာရီထဲမှာ အနီရောင်ကြက်ခြေခတ်တွေ
တစ်ခုတိုးလာတိုင်း၊ တိုးလာတိုင်း
ကြေကွဲဝမ်းနည်းစွာ ငိုရှိုက်ရာကနေ
အေးစက်ခြောက်ကပ်စွာ ရယ်မောတက်လာသော
ကျွန်တော်…………။

*စိတ်ဖိစီးမှုများတဲ့ လုပ်ငန်းခွင်ထဲမှာ
အရာတော်တော်များများကို
မသိဟန်ဆောင် လစ်လျုရှု့တက်လာသော
ကျွန်တော်……..
ချစ်သူ ရယ်
ကိုယ့် ရင်ထဲကို မြင်အောင်လှမ်းမကြည့်ဖြစ်ဘူး။

*အိပ်မပျော်သော ညဖက်တွေရဲ့
တစ်ကိုယ်ရေ လွမ်းဆွတ်မှုတွေမှာ
အေးစက်စေးထန်းတဲ့ လက်အစုံကို
တမ်းတမှုတွေ ပါဝင်တဲ့အကြောင်း………
ချစ်သူ သိစေချင်တယ်
သူ့ကို ပြန်မပြောပြဖြစ်ဘူး။

*”ရှေ့တစ်လှမ်းတိုးဖို့ နောက်နှစ်လှမ်းဆုတ်ရတယ်”တဲ့
ရွေ့လျှားပြောင်းလဲမှုအတွက်
ဖိနပ်အသစ်ကို ချမစီးရဲခဲ့တဲ့
ကျွန်တော်နဲ့ ချစ်သူ ………
ခြေနှစ်လှမ်းကို ပြိုင်တူဆုတ်လိုက်မိတာ
လေးလှမ်းမကဘူး ဝေးသွားခဲ့တယ်။

*ဒီလိုနဲ့ပဲ
နာရီလက်တံတွေရဲ့ ဦးတည်ရာကို
နောက်ကျောပေး ဆန့်ကျင်လိုက်တာ
ပိုနေမြဲ၊ ကျားနေမြဲ အဖြစ်မှာ ဝေးနေဆဲ၊ လွမ်းနေဆဲ……
ကျွန်တော်နဲ့ ချစ်သူ ……….. နှစ်ယောက်သားလေ
…. ပိုနေဝေး၊ ကြာနေဝေး…..။ ။

ညအလင်္ကာ
9/9/2010

In: ကဗျာ Posted By: Date: Sep 9, 2010
Comment #1

*ဒီလိုနဲ့ပဲ
နာရီလက်တံတွေရဲ့ ဦးတည်ရာကို
နောက်ကျောပေး ဆန့်ကျင်လိုက်တာ
ပိုနေမြဲ၊ ကျားနေမြဲ အဖြစ်မှာ ဝေးနေဆဲ၊ လွမ်းနေဆဲ……
ကျွန်တော်နဲ့ ချစ်သူ ……….. နှစ်ယောက်သားလေ
…. ပိုနေဝေး၊ ကြာနေဝေး…..။ ။

…အရမ်းကြိုက်ပါတယ်

commentinfo By: အသဲကွဲမိုး at Dec 30, 2010
Comment #2

hman like lay chinnn naw,,
ne sat aung kyoe sar lay po way lay pe,,
chit par ya say loh taung so mi tine a u loak khan ya de,,
tway par ya say so yin,,sorry par de,,
chain htar yin le,,nout kya p hma lar de,,,lone wa ma lar tar le shi de,,
po nay way,,kyar nay way par p,,

commentinfo By: ei lay at Feb 16, 2012
Comment #3

!_!
!_!
__

commentinfo By: ei lay at Dec 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment