Professional Authors
“မချစ်ဘူး၊မယုံဘူး၊မလိုချင်ဘူး”
လွမ်းတယ်လို့ ဆိုလိုက်တိုင်း
နှောင့်ယှက်သူတစ်ယောက်ရဲ့  “Bye Bye” ဆိုတဲ့ စကားကို…သတိရမိတယ်…
အတိတ်ကိုပြန်လှည့်ကြည့်ရအောင်ကလည်း
ငါတို့ နှစ်ယောာက်ကအတိတ်နဲ့ စခဲ့ တာမဟုတ်တော့…ခက်သားပဲ
အနာဂါတ်ကိုရည်ညွှန်းပြီး
ပစ္စုပ္ပန်ကိုအကောင်အထည်ဖော်နေတဲ့ သူပါ…
မင်းပြောတဲ့ မချစ်ဘူးဆိုတဲ့ စကားဟာ
“အပ်ဖျားတစ်ထောက်စာဒဏ်ရာလေးဆိုပေမဲ့ 
 ဆပ်ပြာပူဖောင်းအတွက်ဆိုရင်တော့
 ဘ၀ပျက်သွားနိုင်တာပဲ…မဟုတ်လား”
ဒုက္ခသည်တစ်ယောက်ရဲ့ နေ၀င်ချိန်ဆိုတာ…အစဉ်အမြဲ..ခါးသီးနေမှာပါ…
ဒီလိုနဲ့ ပဲ…ငါနင့်ကိုပြန်သတိရလာတယ်…
မိုးတွေအုံမှိုင်းနေတဲ့ ကောင်းကင်ကြီးရဲ့ အောက်
မိုးရေတွေစိုစွတ်နေတဲ့ မြေပြင်အထက်မှာ
အသက်ငွေ့ ငွေ့ လေးနဲ့ 
ငါရပ်စောင့်နေခဲ့ တာတွေကိုပြန်တွေးတိုင်း
ငါ့ရဲ့ စွံအနေတတ်ခြင်းကို…ငါ…နာကျည်းတယ်
သို့ ပေမဲ့ …မင်းရဲ့ အမိန့် တော်အတိုင်းပါ…
ဆိုညည်းခွင့်ရှိတဲ့ …နင့် နာမည်ပါတဲ့ သီချင်းလေးနဲ့ 
နင်ပေးခဲ့ တဲ့ သီချင်းတစ်ပုဒ်တို့ ဟာ…ဘယ်လိုမှပေါင်းစည်းလို့ မရပါလား…….
June-19
ငါဖွင့်ပြောတဲ့ နေ့ မှာပဲ
“ကံဆိုးသူသွားရာမိုးလိုက်လို့ ရွာ”
ငါ့အပေါ်မှပျောက်ကွယ်ပါတော့….
“မချစ်ဘူး၊မယုံဘူး၊မလိုချင်ဘူး”
ဆိုတဲ့ စကားတွေဟာ
နောင်တစ်ချိန်မှာပြဋ္ဌာန်းမဲ့  ”ဘူး(၃)ဘူး”လား
နင်ပြောခဲ့ တဲ့ စကားအတိုင်းပါပဲ
“ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး”
ဒီကဗျာလေးမှာကျွန်တော်အရမ်းလေးစားတဲ့ ဆရာမင်းခိုက်စိုးစံရဲ့ ကျောက်ခေတ်ဝင်ရိုးစွန်းနှင်းဆီစာအုပ်မှစာသားလေးတစ်ခုအားထည့်သုံးထားပါတယ်…
In: ကဗျာ Posted By: Date: Aug 16, 2012
Comment #1
အားပေးနေပါတယ်
commentinfo By: အသဲကွဲမိုး at Aug 16, 2012
Comment #2
ပူဖေါင်းလေးလဲ
ထိလွယ်ရှလွယ် အသဲနဲ့ပါ…..
commentinfo By: moezat at Aug 17, 2012
Comment #3
ဒုက္ခသည်တစ်ယောက်ရဲ့ နေ၀င်ချိန်ဆိုတာ…အစဉ်အမြဲ..ခါးသီးနေမှာပါ…
ဒီလိုနဲ့ ပဲ…ငါနင့်ကိုပြန်သတိရလာတယ်…
မိုးတွေအုံမှိုင်းနေတဲ့ ကောင်းကင်ကြီးရဲ့ အောက်
မိုးရေတွေစိုစွတ်နေတဲ့ မြေပြင်အထက်မှာ
အသက်ငွေ့ ငွေ့ လေးနဲ့ 
ငါရပ်စောင့်နေခဲ့ တာတွေကိုပြန်တွေးတိုင်း
ငါ့ရဲ့ စွံအနေတတ်ခြင်းကို…ငါ…နာကျည်းတယ်
သို့ ပေမဲ့ …မင်းရဲ့ အမိန့် တော်အတိုင်းပါ…
ဆိုညည်းခွင့်ရှိတဲ့ …နင့် နာမည်ပါတဲ့ သီချင်းလေးနဲ့ 
နင်ပေးခဲ့ တဲ့ သီချင်းတစ်ပုဒ်တို့ ဟာ…ဘယ်လိုမှပေါင်းစည်းလို့ မရပါလား…….
ဦးညွတ်သွားပါတယ်ဗျာ….လေးစားလျက်..
commentinfo By: cupid25288 at Aug 17, 2012
Comment #4
ကျေးဇူးတင်ပါတယ် အားလုံးပဲ
commentinfo By: loafer at Aug 17, 2012
Comment #5
ဟာ…တကယ်..မိုက်..တကယ်ကြိုက်သွားပါတယ်ဗျာ
commentinfo By: poem.poem28 at Aug 18, 2012
Comment #6
feel so sorry.
🙁
🙁
🙁
commentinfo By: ei lay at Aug 18, 2012
Comment #7
ကျေးဇူးတင်ပါတယ် နော် မအိလေးတို့  poem.poem28 တို့ 
အားလုံးကိုကျေးဇူးတင်ပါတယ်
commentinfo By: loafer at Aug 19, 2012
Leave Comments
Name*
Email*
Website
Email me whenever there is new comment