ပျော်ရွှင်စရာအဆုံသတ်လေး
မိန်းကလေးရေ…
မင်းကိုဖွင့်ပြောဖို့ စကားလုံးရှာမတွေ့ သေးဘူး
တစ်နည်းအားဖြင့်…
ချစ်သူကိုတောင်ချစ်တယ်လို့ မပြောရဲ တဲ့ ကောင်ပေါ့…။
ငါ့နှလုံးသားဟာ
နင့်ကိုချစ်တာကလွဲလို့ ကျန်တာသုံးစားလို့ မရပါဘူး
တစ်နည်းအားဖြင့်…
နင်တစ်ယောက်တည်းကိုသာချစ်တတ်တဲ့ ကောင်ပါ…။
မိန်းကလေးရေ…
ငါ့အလွမ်းတွေ ငွေ့ ရည်ဖွဲ့ ပြီး
ငါ့မျက်ရည်တွေ ရွာသွန်းတော့မယ်
နှလုံးသားလည်းအအေးပတ်လုပြီ
တစ်နည်းအားဖြင့်…
နွေးထွေးမှုတွေလိုချင်သည်…။
ရင်ထဲမှာကိန်းအောင်းနေတဲ့ 
အုံပုန်းချစ်တွေ
နေသာတဲ့ရက်မှာကမ်းလှမ်းမယ်
တစ်နည်းအားဖြင့်…
ကိုယ်ဖွင့်ပြောတော့မည်…။
အဲ့ဒီမနက်မှာပေါ့…
အချစ်တွေချီတတ်
သူမရှိတဲ့ အရပ်
အလွမ်းတွေထွက်ပြေး
ကျွန်တော့်ရဲ့ အဝေး
ပင့်သက်လာတဲ့ လေပြေလေး
သူမပါးကိုနမ်းလို့ ပြေး…အဲ့ဒါပါပဲ
အာဒံနဲ့ ဧ၀ မပိုင်ခဲ့တဲ့နေ့ သစ်လေးပါပဲ…
သူမနဲ့ ကျွန်တော် နှစ်ယောက်တည်းသာ
ပျော်ရွှင်စရာတွေကို သိမ်းပိုက်မယ်
ရင်ခုန်သံတွေကို သိမ်းပိုက်မယ်
နေရာတွေကို သိမ်းပိုက်မယ်
သစ္စာတွေကို သိမ်းပိုက်မယ်
အဲ့ဒီမှာ သူမ နှင့် ကျွန်တော် ကမ္ဘာတည်မယ်….။
Comment #3
ချစ်စရာလေးဟယ် 🙂
By: n$n at Mar 11, 2013
Comment #4
ကျေးဇူးပါ ကိုနိုးဆက် မအိလေး werewolf
By: loafer at Mar 11, 2013




Comment #1
wow
yin khone ya lun loh u hmar be