Professional Authors

“အစားထိုးမဲ့ နောင်တ”

ခေါင်းစဉ်ရဲ့နောက်ကြောင်းကို ငါဟာဖွေရှာရင်း

သူ့အချစ်ကို လျစ်လျူရှုခဲ့မိတဲ့ အတိတ်ပုံများစွာပြန်လည်တွေ့ရှိ

မေတ္တာဓတ်တွေလွှမ်းခြုံရင်ခွင်ကို ပယ်လို့ 

ရှေ့ခရီးကိုဆက်

ငါ

ခြေလှမ်းတွေသွက်ခဲ့ဖူးတယ်။ ။

 

သူဟာလူကောင်းပါ

မပြောင်းလည်းတဲ့ ပေးဆပ်ခြင်းတွေနဲ့

ငါ့ကို

အဝေးတနေရာက ရပ်စောင့်နေခဲ့

ငါ

လှည့်ပြန်ခွင့်မရှိတဲ့လမ်းမှာရောက်နှင့်နေပြီးမို့ 

ခွင့် လွှတ် ပါ တော့ ကွယ်။ ။

 

ငါရောက်ရှိနေတဲ့ နေရာဟာ အချစ်ရှိသော အရပ်ဖြစ်တယ်

ငါမရုန်းနိုင်တဲ့ တုတ်နှောင်မှု ဟာ သံယောဇဉ်အဟုန်ပဲဖြစ်တယ်

ငါ လှည့်မပြန်ရက်တဲ့ လမ်းဟာ မင်းရှိနေသော စခန်းဖြစ်တယ်

ဒါပေမယ့်

ရင်ခွင်မှာ

ပူ လောင် နွမ်း လျ

ငါဟာ

အချစ်နာကျခဲ့ပြီးလည်း ဖြစ်တယ်

 

သူဘယ်လောက်ရင်အပူဟတ်စေခဲ့သလည်း

နင့်ကို တခါလွမ်းတိုင်း အမှတ်ရ

 

မေတ္တာပန်းနဲ့လန်းစေခဲ့သော သူ့အတွက်

ငွေဂုဏ်ငွေနန်းတွေနဲ့ ဘ၀င်လန်းနေသော

နင့်…အသိုက်အမြုံကြား ငါဟာတမ်းတ

တကယ်တော့

အချစ်ကို အချစ်သက်သက်သာမြင်လို့  ဒီလမ်းကို

လျှောက်ဖို့  ရဲရင့်ခဲ့သူ

ငါ

အချစ်ကို ပိုက်ဆံနဲ့ ဆက်ဆံနေတဲ့ရပ်ဝန်းလို့ 

မြင်မှတ်လိုက်ရမှာ စိုးကြောက်နေမိတယ်

 

ဆန္ဒတခုကို တိုးတိုးဖွဖွညည်း ရင်း

 

(မာနတွေကန့်ချန်ထားတဲ့ အရပ်မှာ နင့်ကြောင့်

တောက်လောင်နေတဲ့ ဒီရင်ခွင်ပူကို

အချစ်လက်ဖ၀ါးနဲ့ ဖြေသိမ့်ကာ ငြိမ်းသတ်ပေးပါ)

 

ခုတော့လည်း

ငါ

ဝဋ်ဆိုတာ ကို နားလည်ခဲ့ပါပြီကွယ်

 

 

(အရာရာအတွက် တောင်းပန်ပါတယ် သူရယ်)

 

(သူငယ်ချင်းတယောက်အတွက်ရေးပေးထားတာပါ)

In: ကဗျာ Posted By: Date: Aug 10, 2012
Comment #1

ငါရောက်ရှိနေတဲ့ နေရာဟာ အချစ်ရှိသော အရပ်ဖြစ်တယ်

ငါမရုန်းနိုင်တဲ့ တုတ်နှောင်မှု ဟာ သံယောဇဉ်အဟုန်ပဲဖြစ်တယ်

ငါ လှည့်မပြန်ရက်တဲ့ လမ်းဟာ မင်းရှိနေသော စခန်းဖြစ်တယ်

ဒါပေမယ့်

ရင်ခွင်မှာ

ပူ လောင် နွမ်း လျ

ငါဟာ

အချစ်နာကျခဲ့ပြီးလည်း ဖြစ်တယ်

commentinfo By: zawthetoo at Aug 10, 2012
Comment #2

ပြောစရာမရှိကောင်းပါတယ်…….

commentinfo By: May Kha at Aug 10, 2012
Comment #3

ရေးထားတာလေး ခိုက်တယ်…ခံစားချက်တွေကိုပြောထားတာလေးက လှလိုက်တာ 😀 ; by Shwe Sin

commentinfo By: shine lat nwe oo at Aug 10, 2012
Comment #4

အားပေးကြတဲ့ကျွန်တော့် အားဆေးလေးများ အားလုံးအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ
ပျော်ရွှင်ကြပါစေ

commentinfo By: အသဲကွဲမိုး at Aug 13, 2012
Comment #5

Wishing u b good luck,ma Moe.

commentinfo By: ei lay at Aug 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment