Professional Authors

ရုတ်တရက်…ပြီးနောက်…ဆက်လက်ဖြစ်တည်မှု

 

သတိတွေ…ထား…နေခဲ့ရင်းနဲ့..မှ

အသိက…နောက်ကျပြန်လွန်းတယ်

မဟုတ်သေးဘူး

ဒါ…နောက်ကျောကို…ဒါး…နဲ့…ထိုးခဲ့တာ

သွေး…မထွက်ဘူး…လူ…မသေဘူး

ဒါပေမယ့်…ခံစားချက်…သေ…သွား…တယ်

လွယ်ပါတယ်…သိပ်ကို…လွယ်…ခဲ့…တယ်

သိပ်ကိုလွယ်ခဲ့လွန်းတော့လည်း

ပြန်…တွေးရင်…လွမ်းရတာပေါ့

ပြန်…ပြောရင်…အမှတ်ရတာပေါ့

မနာကျင်ပါဘူး

မထင်နဲ့…ငါက…ဟန်ဆောင်တတ်တယ်

ဘာမှ…မဖြစ်ဘူး/မဖြစ်ခဲ့ဘူး

အဲ့ဒီလို…နေတယ်/တွေးတယ်

ဒါပေမယ့်…ငါ့…ရင်ထဲမှာ

ဗလာ…..

ဗလာထည်ခံစားမှု…အကြောင်း….

သိစေချင်တယ်…ဆိုတာ

ကိုယ်တိုင်…ခံစားပြီးမှ

ဥပေက္ခာ…ဆိုတာကို…နားလည်တယ်/နားလည်လိမ့်မယ် ။  

In: ကဗျာ Posted By: Date: Aug 8, 2012
Comment #1

phat shu arr pay twar par de,

🙁
pin pann like dar naw.
sate ko ne ne lae shot naw,

commentinfo By: ei lay at Aug 8, 2012
Comment #2

ကဗျာထဲ က နာကျင်မှုအသံတွေ
ဖတ်သူကျွန်မရင်ထဲ လာမှန်တယ်
ကျွန်မလည်းဥပေက္ခာတွေရရှိနေလို့ 
အိပ်မရတဲ့ နေ့ ညတွေများ ရက်ဆက်နေပြီ
ခံစားအားပေးသွားတယ်ရှင်

commentinfo By: sharon myorr myor at Aug 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment