Professional Authors

မေဦးနွေ၏ အိမ်မက်များ – ဒီရေလှိုင်း

ရိုက်ချက်ပြင်းပြင်းနဲ့
မညှာမတာ စီရင်ချက်ချတတ်တဲ့
ကံကြမ္မာ တရားသူကြီးရဲ့
မဟာဂရုဏာတော်ကို ရရှိခဲ့တဲ့နေ့ ။

တစိမ်းဆန်ဆန်
လစ်လျူရှု မသိဟန်ဆောင်နေခဲ့တဲ့
အဖရိုးဒေးတီးစ် အချစ်နတ်သမီးရဲ့
ညှာတာထောက်ထားမှုကို ရခဲ့တဲ့နေ့ ။

မေဦးနွေရဲ့
ရန်ကုန်နေ့ခင်းမှာ
လတစင်း ထွန်းလင်း
တောက်ပ ခဲ့တဲ့နေ့ ။

လျှို့ဝှက်သည်းဖို
ဇာတ်လမ်းရဲ့ အလှည့်အပြောင်းကို
ကြည့်ရတာထက်ပိုတဲ့ ရင်သိမ့်တုန်တုန်
ဘ၀င်ငြိမ့်ခုန်နေတာများ
အလန်းဇယား ဇာတ်ကား
ဇာတ်ဝင်ခန်းတစ်ခုက
ချောင်းသာကမ်းခြေက လှိုင်းလေးတွေ
 တဒိုင်းဒိုင်းနဲ့ ရိုက်ခတ်
ကိုယ့်ရင်မှာ တလှပ်လှပ်နဲ့ တုန်နေခဲ့တဲ့အချိန်
ညနေ(၃း၃၀) သမတရုံမှာ တို့နှစ်ယောက်
ကြည်နူးတယ်ဆိုတာထက် ပိုတဲ့ခံစားမှု
ပျော်ရွှင်တယ်ဆိုတာထက် ကျော်လွန်မှု
ချမ်းမြေ့တယ်ဆိုတာထက် သာလွန်မှု
ကဗျာစကားလုံးတွေရဲ့ လိုက်လို့မမီ
ဖွဲ့နွဲ့လို့ မသီနိုင်မှုတွေနဲ့ပေါ့ ။

ရန်ကုန်နွေ ဆူဝေစွာ
ပူပါတယ်လို့ ဘယ်သူလာပြောကြမှာလည်း
ခရေပင်အောက်က ထိုင်ခုံလေးမှာထိုင်
မစဲနိုင်အောင် မိုးတွေက သည်းသည်းမည်းမည်းရွာ
တို့နှစ်ယောက်မှာ ရွှဲရွှဲစိုစိုလို့
အပြင်မှာအေးနေပေမဲ့
ရန်ခုန်သံတွေ မဝေးတာမို့
နှလုံးသွေးလေးတွေ နွေးနေလေရဲ့ ။

မေ(၆၊ရ) နှစ်ရက်
တို့နှစ်ယောက်အတွက် တစ်သက်တာမှာ
ထာဝစဉ်တာ မေ့မရ အမှတ်တရ နွေအိပ်မက်
သက်ဆုံးတိုင် ဆက်မက်နေမယ်နော် ။

In: ကဗျာ,Others Posted By: Date: Jul 17, 2012
Comment #1

😛

commentinfo By: ei lay at Jul 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment