Professional Authors

ဖြစ်တည်ချင်းအစစ်

လောကဓံရဲ့  လှိုင်းဒဏ်ကို
ခံနိုင်အောင် ကြိုးစားရင်း ငါ ရင့်ကျက်ခဲ့ပြီ…
အိမ်မက်တွေ ဖြစ်တည်လာဖို့အတွက်
ငါ့ဒူးကို ငါချွန်ခဲ့ပြီ…….
ဒုက္ခပင်လယ်ထဲမှာ တစ်ယောက်တည်း
ကူးခတ်ရလဲမကြောက်ပါဘူး..
ငါ့မှာ လုံလနဲ့ဝီရိယလို့ခေါ်တဲ့ 
မိတ်ဆွေကောင်းနှစ်ယောက်ရှိသေးတယ်လေ…
အကျိုးကိုမျှော်ကိုးတာမပာုတ်ပါဘူး
ငါ့အရည်အချင်းကို ငါစစ်နေတာ..
တစ်နေ့မှာ …
လောကဓံရဲ့  လှောင်ရယ်သံကို မျက်ကွယ်ပြုနိုင်တဲ့ သူ..
ကံကိုမယုံဘဲ ကိုယ့်အိမ်မက်ကို ကိုယ်တိုင်ရေးနိုင်တဲ့
ယောက်ကျားတစ်ယောက်ဖြစ်ရင် ငါသေပျော်ပါပြီ..

In: ကဗျာ Posted By: Date: May 30, 2010
Comment #1

good poem 🙂

commentinfo By: kyi kyi at May 31, 2010
Comment #2

right

commentinfo By: ei lay at Feb 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment