Professional Authors

ဘဝဆိုသည်မှာ….

ဘဝဆိုတာ…
ေ၇းချင်တာရေး ခြစ်ချင်တာခြစ်
မလိုရင်ဖျက်ပစ်လို့ရတဲ့..
ကျောက်သင်ပုန်းတစ်ချပ် မှမဟုတ်တာ..
ဒါပေမယ့်…
ကျောက်သင်ပုန်းမှ မသုံးတော့တာ..
ဗလာစာအုပ်ပေါ့ ၊၊
အဲဒိ စာအုပ်မှာ
ရေးချင်တာ ရေးမယ်..ခြစ်ချင်တာလည်းခြစ်မယ်…
မလိုရင် ဖျက်ပစ်မနေတော့ ပါဘူး..၊၊
ဖြဲဆုတ်ပစ်လိုက်မှာပေါ့..
ဖြဲပြီးသားစာရွက်ကို..
လုံးထွေးခြွေမွပြီး
အမှိုက်တောင်းထဲ ထည့်ပစ်လိုက်မယ်….

ဘဝဆိုတာ
ဒါမျိုး လုပ်ပစ်လို့ရသလား….၊၊
ရချင်လည်းရမှာပေါ့..
တစ်ချို့ ဘဝတွေက..ငွေကြေး ဥစ္စာရှိသူတွေ၇ဲ့…
နင်းခြေမွ ခြင်းခံရတတ်တယ်..

အဲဒိလို..အခြေအနေမျိုးမှာ…
ဘဝဆိုတာ…
ကျောက်သင်ပုန်းတစ်ချပ်…ဖြစ်ချင်ဖြစ်မယ်..၊၊
ဗလာစာအုပ်……………….ဖြစ်ချင်ဖြစ်မယ်..၊၊
ဘာဘဲ ဖြစ်ဖြစ်ပေါ့…..
ကိုယ်က ရေးခြစ်ဖျက်ပစ် ဆုတ်ဖြဲချေမွ..
လွင့်ပစ်ခံရတဲ့ ဘဝ မဖြစ်ရင်
ဘဝဟာသင်တော်တဲ့ နေရာလေးတစ်ခုပါဘဲ..

ဘ၀ မှာကုန်ဆုံး ပီးရင် ဘယ်တော့မှ..
ပြန်မရနိုင်တဲ့..အရာသုံးခုရှိတယ်..
“အချိန် ၊စကားလုံး၊ အခွင့်အရေး”

ဘ၀မှာလက်လွှတ်အဆုံး၇ှုံး မခံသင်တဲ့
အရာသုံးခုရှိတယ်..
“ငြိမ်းချမ်းမှု ၊ ရိုးသားမှု ၊ မျှော်လင့်ချက်”

ဘ၀မှာတန်ဖိုးထားရမယ့်အရာ သုံးခုရှိတယ်..
“သူငယ်ချင်း ၊ချစ်ခြင်းမေတ္တာ ၊ကိုယ်ကိုကိုယ် ယုံကြည်မှု “

ဘ၀မှာမသေချာတဲ့ အရာသုံးခုကတော့..
“အိမ်မက် ၊ အောင်မြင်မှု ၊ ကံကြမ္မာ “

ဘ၀မှာလူဖြစ်စေတဲ့ အရာ သုံးခု ရှိတယ်….
“အလုပ် ၊စိတ်သန့်ရှင်းမှု ၊အောင်မြင်မှု”

ဘ၀ကိုဖျက်စီးပစ်နိုင်တဲ့ အရာသုံးခုကတော့
” အရက် ၊ မာန ၊ဒေါသ “
တို့ ဖြစ်ပါတယ်…

In: ကဗျာ Posted By: Date: May 10, 2010
Comment #1

အရမ်းကောင်းပါတယ်။
တပုဒ်လုံး။
ထပ်ရေးပါအုံး။
အားပေးလျှက်

commentinfo By: angel at Jun 18, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment