Professional Authors

ရနံ့မဲ့ကြယ်

 

ခပ်ထူးထူးလေး မြူးခဲ့တာပါ

အားနာပါးနာနဲ့တောင်

အဲဒီမြို့ထဲ ဘာမှရှိမနေခဲ့ဘူး

ရင်ကွဲပက်လက်ဖြစ်ဖို့

မိုင်တိုင်တွေ တစ်တိုင်ပြီး နောက်တစ်တိုင်

ကျော်ခဲ့တာမှမဟုတ်တာ ။

သူ့အမည်နာမ တစ်ခွန်းခေါ်ဖို့

အသံတွေအရပ်ရှစ်မျက်နှာမှာ

ကျပျောက်
ဆန္ဒမြစ်တွေသောင်ထွန်း

တဖြည်းဖြည်းမျက်ဝန်းမိုးတိမ်က

အုံ့ဆိုင်း

အဲဒီအခန်းကျဉ်းထဲ

အရာရာဆွံ့အသေဆုံးခဲ့တယ် ။

တစ်စုံတစ်ခုကိုတွေ့ရနိုးနဲ့

ရင်ဘတ်ဖွင့် ရှာကြည့်တာ

မနက်ဖြန်တွေသာ များများလာတယ်

တစ်စုံတစ်ရာကတော့

ပျောက်ရှဆဲ/မြဲ

အဲဒီစာမျက်နှာမှာ

အိပ်မက်အကျိုးအကြေတွေသာ

လမ်းသလားနေတယ် ။

ချစ်သူရေ

ကိုယ့်နှလုံးသားလေး

ခုန်နေသရွေ့

တစ်စုံတစ်ရာကို

ကိုယ်လိုက်ရှာမိလိမ့်အုံးမယ် ။

ခြေရာတွေအထပ်ထပ်စွဲ

လမ်းတွေလဲ

ဖရိုဖရဲပျောက်ဆုံးနေပါစေ

မင်းအမည်နာမကို

ကိုယ်အဆုံးထိ အော်ခေါ်နေမိအုံးမယ် ။

တကယ်ဆို

ပျောက်ခြင်းမလှ ပျောက်ဆုံးခြင်းမြစ်မှာ

ကူးခတ်ဖို့အတွက်

အိပ်မက်တွေကို နှစ်ဦးသဘောတူ

မြေမြှုပ်သင်္ဂြိုဟ်ခဲ့တာမှမဟုတ်တာ ။

သိုဝှက်ဂီတတွေမှာ

အချိန်မြစ်ကြီးစီးဆင်းသွားသလို

တို့နှစ်ယောက်ကြားမှာ

တမ်းတခြင်း ၊ မျှော်လင့်ခြင်း ၊ မွန်းကျပ်ခြင်းတွေကိုသာ

ကဗျာတစ်ပုဒ်အဖြစ်

အန်ထုတ် စီးဆင်းစေမိပြီ ။

တကယ်ပါ . . .

တကယ်ပါ ချစ်သူ

အဲဒီညကကြယ်တစ်လုံး

ကဗျာမြစ်ထဲခုန်ဆင်းသွားတယ် ။  

 

 

နတ်သမီး

In: ကဗျာ Posted By: Date: Jul 13, 2012
Comment #1

ခပ်ထူးထူးလေး မြူးခဲ့တာပါ

အားနာပါးနာနဲ့တောင်

အဲဒီမြို့ထဲ ဘာမှရှိမနေခဲ့ဘူး

ရင်ကွဲပက်လက်ဖြစ်ဖို့

မိုင်တိုင်တွေ တစ်တိုင်ပြီး နောက်တစ်တိုင်

ကျော်ခဲ့တာမှမဟုတ်တာ ။

သူ့အမည်နာမ တစ်ခွန်းခေါ်ဖို့

အသံတွေအရပ်ရှစ်မျက်နှာမှာ

ကျပျောက်
ဆန္ဒမြစ်တွေသောင်ထွန်း

တဖြည်းဖြည်းမျက်ဝန်းမိုးတိမ်က

အုံ့ဆိုင်း

အဲဒီအခန်းကျဉ်းထဲ

အရာရာဆွံ့အသေဆုံးခဲ့တယ် ။

တစ်စုံတစ်ခုကိုတွေ့ရနိုးနဲ့

ရင်ဘတ်ဖွင့် ရှာကြည့်တာ

မနက်ဖြန်တွေသာ များများလာတယ်

တစ်စုံတစ်ရာကတော့

ပျောက်ရှဆဲ/မြဲ

အဲဒီစာမျက်နှာမှာ

အိပ်မက်အကျိုးအကြေတွေသာ

လမ်းသလားနေတယ် ။

ချစ်သူရေ

ကိုယ့်နှလုံးသားလေး

ခုန်နေသရွေ့

တစ်စုံတစ်ရာကို

ကိုယ်လိုက်ရှာမိလိမ့်အုံးမယ် ။

ခြေရာတွေအထပ်ထပ်စွဲ

လမ်းတွေလဲ

ဖရိုဖရဲပျောက်ဆုံးနေပါစေ

မင်းအမည်နာမကို

ကိုယ်အဆုံးထိ အော်ခေါ်နေမိအုံးမယ် ။

တကယ်ဆို

ပျောက်ခြင်းမလှ ပျောက်ဆုံးခြင်းမြစ်မှာ

ကူးခတ်ဖို့အတွက်

အိပ်မက်တွေကို နှစ်ဦးသဘောတူ

မြေမြှုပ်သင်္ဂြိုဟ်ခဲ့တာမှမဟုတ်တာ ။

သိုဝှက်ဂီတတွေမှာ

အချိန်မြစ်ကြီးစီးဆင်းသွားသလို

တို့နှစ်ယောက်ကြားမှာ

တမ်းတခြင်း ၊ မျှော်လင့်ခြင်း ၊ မွန်းကျပ်ခြင်းတွေကိုသာ

ကဗျာတစ်ပုဒ်အဖြစ်

အန်ထုတ် စီးဆင်းစေမိပြီ ။

တကယ်ပါ . . .

တကယ်ပါ ချစ်သူ

အဲဒီညကကြယ်တစ်လုံး

ကဗျာမြစ်ထဲခုန်ဆင်းသွားတယ် ။ ။

commentinfo By: zawthetoo at Jul 14, 2012
Comment #2

so nice both title & poem.
perfect creation.

commentinfo By: ei lay at Jul 15, 2012
Comment #3

ထုတ်မပြတော့ဘူး အကုန်ကြိုက်တယ်
အမကဗျာလေးတွေပျောက်နေတယ်ဗျာ လာတင်ပါဦး

နိုးဆက်

commentinfo By: 13th at Jul 19, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment