Professional Authors

မှန်ရဲ့လား poemscorner

ကဗျာတွေဖတ်တိုင်းလဲ
ဒီအလွမ်းအကြောင်းတွေပဲ အက်ကြောင်းထပ်
သီချင်းတွေနားထောင်ပြန်တော့လည်း
ဒီအလွမ်းအကြောင်းတွေပဲ
နားမဆံအောင် ကြားနေရတယ်..

ဘယ်ကဗျာ ဘယ်သီချင်း
ဘယ်သံစဉ်တွေပဲ နားထောင်သော်လည်း
ချစ်နေကြတဲ့သူက ရေးတော့
အချစ်ကဗျာ
အသဲကွဲသူက ရေးတော့
အသဲကွဲကဗျာ
ဟိုတစ်နေ့ ဒီတစ်နေ့
ကွဲလိုက် ဆက်လိုက်
ပြတ်လိုက် ချော့လိုက်နဲ့
လောကကြီးထဲ နှစ်လုံးထဲရှိတဲ့
ဘ ကုန်းရေ ဘ နဲ့ ဝ လုံးရေ ဝ ဟာ
လေးလုံးလောက်များရှိရင်
ဘယ်လိုဖြစ်ကြမလဲ…..

ဘဝဆိုတဲ့ ပင်လယ်ပြင်မှာ
မုန်းတိုင်းတွေ တိုက်ခတ်တာ အဆန်းပါဘူး
မြင့်လိုက် နိမ့်လိုက်နဲ့
ဘဝကြီးတဲ မှေးမြိန်နေတဲ့
နေမင်းကြီးလို သူမရှိတော့ရင်
ဘာမှမမြင်ရပြန်ဘူးသလိုပါပဲ

ရင်ထဲစကားတွေကို ထုတ်ဖော်
အမြင်တွေ အကြံတွေပေး
ရေးသူကရေး ဖတ်သူကဖတ်
စုစည်းရာ နေရာတစ်ခုအဖြစ်ရပ်တည်
တစ်ခါတလေကျတော့လည်း
စိတ်ညစ်လို့ ဆဲကျဆိုကျ
အသဲကွဲလို့ ငိုသူကငို
ပျော်လွန်းတဲ့ သူတွေကပျော်လို့
အဒီလိုနဲ့ ရင်းနှီးလာခဲ့ပေါ့
ဘာပဲဖြစ်ဖြစ် ကျေးဇူးပါ poemscorner ရယ်
မင်းမရှိရင် ကဗျာမရှိသလို
ငါတို့မရှိရင်လည်း မင်းမရှိနိုင်မယ်မထင်ပါ
မင်းနဲ့တို့ ငြိမ်းချမ်းရေးယူပြီး
ရှေ့ဆက်ဖို့အတွက် အားမွေးကြစို့ကွာ…
ကဲ ဆွေးမနေနဲ့ တွေးမနေနဲ့
မနက်ဆိုတာ ရှိနေသရွေ့
ကဗျာဆိုတာ ရှိနေဦးမှာပါ..
                               ဟုတ်လားတော့မသိဘူး..ချတော့ ရေးမိလိုက်ပြီ…
                                                                                     စိုး……………………

In: ကဗျာ Posted By: Date: Jul 12, 2012
Comment #1

That’s Right!

commentinfo By: loafer at Jul 13, 2012
Comment #2

😛
😛
😛

commentinfo By: ei lay at Jul 15, 2012
Comment #3

((((((((((((((((:
^^

commentinfo By: ဖြိုးဖြိုး at Jul 30, 2012
Comment #4

Thanks to loafer, ma ei and phyo phyo..

commentinfo By: soeoo at Feb 27, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment