Professional Authors

ည(၂၀)

ည(၂၀)

နားထောင်နေတဲ့ သီချင်းက မညင်သာ
စိတ်ကူးကလဲ လေရူးလျောက်သလိုနဲ့
တကယ်ပါ စိတ်ပေါက်ပေါက်ပဲ
လွမ်းနေမိတဲ့ညပေါ့

ဘယ်လို ခေါင်းစဉ်တပ်ရမလဲ မသိ
မိုးကလဲ တစ်ပေါက်ပေါက်နဲ့
ငါစိတ်တွေ ဦးတည်ရာမဲ့ခဲ့

ကာရံတွေကို “မုသား”လို့ ရေးဖို့ သီကုံးရမလား

မိုးရေစက်လက်ဖြစ်နေတဲ့ ၀ရန်တာကို ငေးရမလားနဲ့

ပုံဆွဲခဲတဲလေးတော့ မျက်စောင်းထိုးမိပါသေးရဲ့
ဒါပေမယ့် ငါနှလုံးသားက ပုံပျက်နေတာ မသိသလိုပဲ
ဘော့ပင်ဘူးထဲ ထိုးထိုးထောင်ထောင် ရှိလို့

အော်.. အသံမရှိတဲ့ ဂစ်တာကလဲ
နံရံကိုမှီလို့ရပ်နေခဲ့တာ ကြာပြီပေါ့
မှုတ်ထုတ်လိုက်တဲ့ ဆေးပေါလိပ် မီးခိုးငွေ့တွေက
အိမ်မက်မရှိတဲ့ ကောင်းကင်ကြီးလို
မီးခိုးတွေက တစ်လုံးပြီး တစ်လုံး

အော်..ကျနော့ စိတ်ကူးတွေက
အနာဂတ်အတွက် ဘာမှ မမြင်ရဘူး

ရေရေရာရာ မသိတဲ့ “အလွမ်း” ဆိုတဲ့
စကားလုံး နှစ်လုံးက
ရင်ထဲ အဖြေမရှာတက်အောင်
ကျနော့စိတ်တွေ လမ်းပျောက်နေဆဲ
ဆွံအနေဆဲ….

ကျနော် မပြီးဆုံသေးသော မုသားတွေရှေ့မှာ
စကားလုံးတွေနဲ့ ဆုတောင်တစ်ခုပြုဖို့ဌာ
အလင်းတိုင်ထွန်းအံ
တောင်းဆုတစ်ခုပြုအံ
“ဒီညလွန်ပါစေ”  ။      ။

In: ကဗျာ Posted By: Date: Jul 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment