Professional Authors

အရှုံးနဲ့ အပြုံး

ချစ်သူတွေမဟုတ်လို့ 
မလွမ်းရဘူးဆိုပေမဲ့ 
ချစ်နေသူအတွက်ကတော့
လွမ်းစရာတွေအပြည့်နဲ့ ပါ
လွမ်းနေတုန်းသီချင်းတစ်ပုဒ်ညည်းနေရင်
ရနိုင်ပေမဲ့ 
ကျွန်တော်မေ့ အတွက်ကြိုးစားနေတယ်

မပျံသန်းနိုင်တဲ့ ငှက်လို့ ပြောတိုင်း
ပင်ဂွင်းငှက်ကိုမြင်မိရင်
ကျွန်တော်မေ့ကိုမခေါ်ရက်ဘူး

လပြည့်ညမှာတိမ်တွေဖုံးတာ
လရောင်မရှိပေမဲ့ …မီးရောင်ရှိနေပါသေးတယ်
မေ့ကိုတွေ့ ရမဲ့ ရက်မှာ မတွေ့ ရတာကတော့
တိမ်တွေဖုံးနေတဲ့ လပြည့်ညထက်
ပိုဆိုးပါတယ် မေရယ်…..

ရူးသွပ်မှုကနေအောင်မြင်မှုရသလို
အရှုံးတစ်ခုကနေအပြုံးတစ်ခုရဖို့ 
ကျွန်တော်ခေါင်းငုံပြီးတော့
ဒူးထောက်နေပါ့မယ်…

In: ကဗျာ Posted By: Date: Jul 6, 2012
Comment #1

oh,,
really nice both title & poem.

commentinfo By: ei lay at Jul 7, 2012
Comment #2

thz Ma Ei Lay

commentinfo By: loafer at Jul 8, 2012
Comment #3

u r welcome,
really nice this lovely poem.
😛

commentinfo By: ei lay at Jul 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment